မေမေတို့ရေ ကိုယ်ဝန်ဆောင်မိခင်တေွနဲ့ နို့တိုက်မိခင်တေွအနေနဲ့ အာဟာရပြည့်ဝအောင် ဘယ်လိုစားသောက်သင့်တယ်ဆိုတာလေးကို ကျားလေးကနေ မှျဝေပေးမယ်နော်။ မေမေတို့ရေ ကိုယ်ဝန်ဆောင် မိခင်တို့ နို့တိုက်မိခင်တို့က အခြားသူတေွထက် အစားပိုစားပေးဖို့လိုအပ်ပါတယ်။ ပုံမှန်ထက်တစ်နပ်လောက်တော့ ပိုစားပေးပါ။ အစားရေှာင်ဖို့တော့ (လုံးဝ) မလိုအပ်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်အစပိုင်းမှာ အစားမစားနိုင်တာမျိုးဖြစ်တတ်ပါတယ်။ အဲ့ဒီလိုအချိန်မျိုးမှာလည်း တစ်ခုမစားချင်ရင် နောက်တစ်ခုကို တစ်မျိုးမဟုတ်တစ်မျိုး စားဝင်သလောက်လေးစားပေးဖို့လိုအပ်ပါတယ်။ အသီးအနှံတေွကိုလည်း များများစားပေးဖို့လိုပါတယ်။
နို့တိုက်မိခင်တေွဆိုရင်တော့ ငန်လွန်းတဲ့အစားတေွကလွဲပြီး ကျန်တာတေွကိုတော့ (လုံးဝ) ရေှာင်ဖို့မလိုပါဘူး။ မိခင်နို့မှာ ကလေးငယ်အတွက် လိုအပ်တဲ့အာဟာရတေွှပည့်စုံပြီး လုံလောက်တဲ့ပမာဏရရှိစေဖို့အတွက် နို့တိုက်မိခင်ဘဝမှာ ကိုယ်ဝန်ဆောင်ဘဝထက်ပိုစားပေးဖို့လိုအပ်ပါတယ်။ အစားအုပ်စု (၃) ခုစလုံးပါ၀င်အောင်စားဖို့ လိုအပ်တဲ့အပြင် ပမာဏအနေနဲ့လည်း ပိုမိုစားသောက်ပေးဖို့လိုအပ်ပါတယ်နော်။
ရင်သေွးငယ်တေွမှာ မေွးရာပါကိုယ်အင်္ဂါချို့တဲ့မှုတေွ (ဥပမာအနေနဲ့ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ) ဖြစ်ခြင်းကနေ ကာကွယ်ပေးဖို့အတွက် ကိုယ်ဝန်ရှိတယ်လို့စသိတဲ့အချိန်စပြီး သံဓာတ် (၆၀ မီလီဂရမ်)နဲ့ ဖောလစ်အက်ဆစ် (၄၀၀ မိုက်ခိုဂရမ်) ဆေးပြားကို တစ်နေ့တစ်ကြိမ်သောက်ပေးရပါမယ်။ ကိုယ်ဝန်သုံးလနောက်ပိုင်းမှာတော့ သန်ချဆေးပြား (Mebendazole 500 mg) ကိုတစ်ကြိမ်သောက်ပေးဖို့လိုပါတယ်။ ကိုယ်ဝန် ၉ လကစပြီး မေွးဖွားပြီး ၃ လအထိ ဗီတာမင်ဘီဝမ်းဆေးပြားကို သတ်မှတ်ထားတဲပမာဏအတိုင်းသောက်သုံးပေးဖို့လည်းလိုအပ်ပါတယ်နော်။ မေမေတေွအားလုံးကျန်းမာပြီး ဖွံ့ဖြိုးကျန်းမာတဲ့ ရင်သေွးငယ်လေးတေွကို မေွးဖွားနိုင်ကြပါစေနော်။
မိခင်နဲ့ရင်သေွးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)