ကိုယ်ဝန်ဆောင်စဉ်ကာလမှာကတည်းက နို့သီးခေါင်းအထဲဝင်နေမနေဆိုတာကို သတိပြုသင့်ပါတယ်။ မူမမှန်တဲ့နို့သီးခေါင်းကို ကိုယ်ဝန်ဆောင်ဘဝကတည်းက ပြုပြင်ပေးမယ်ဆိုရင် အဆင်ပြေချောမေွ့စေနိုင်ပါတယ်။ မူမမှန်တဲ့၊ ပြားတဲ့နို့သီးခေါင်းနဲ့ အတွင်းဝင်နေတဲ့နို့သီးခေါင်းတေွကို ရေချိုးတဲ့အခါတိုင်း မကြာခဏ ဆွဲထုတ်ပေးဖို့ လိုအပ်ပါတယ်။ နို့သီးခေါင်းအပြင်ကို ထွက်လာစေဖို့အတွက် ပုံလေးမှာပြထားတဲ့အတိုင်း အေရီယိုလာ နေရာကနေ (Areola) လက်မနဲ့ကော်ပြီး ဆဲွထုတ်နိုင်ပါတယ်။
နို့သီးခေါင်းပုံမှန်မရှိတဲ့ မိခင်တေွအနေနဲ့ နို့မတင်းစေဖို့ကိုလည်း အထူးသတိပြုဖို့လိုပါတယ်နော်။ ကလေးကိုနို့တိုက်ပြီးတိုင်း တစ်ရက်ကို (၈) ကြိမ်ခန့် နို့ညှစ်ပေးပြီး မိခင်နို့ကို အမြဲပျော့ပျောင်းနေအောင် ထားရှိဖို့လိုပါတယ်။ အသင့်အတင့်ဝင်နေတဲ့ နို့သီးခေါင်းက ကလေးနို့စို့မယ်ဆိုရင် ပြန်ထွက်လာတတ်ပါတယ်နော်။
Kyarlay