
နို့ကြောင်းပိတ်တဲ့အခါ နို့သီးခေါင်းအတွင်းမှာ နို့ကြောငး်တစ်နေရာရာပိတ်နေပြီး အစိုင်အခဲတစ်ခုအနေနဲ့ စမ်းသပ်ရမိတတ်ပါတယ်။ နို့တင်းမှုကို ကြိုတင်ကာကွယ်လို့ ရပါတယ်။
- ရင်သေွးငယ်ကို မိခင်နို့စောစော၊ အချိန်ကြာကြာ (ညအချိန်တေွပါမကျန်) စို့စေခြင်း၊
- ကလေးငယ်ကို မိခင်နို့စို့တဲ့အခါ ပုံစံအနေအထား ကျနစွာစို့စေခြင်းဖြင့် နို့တင်းတာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
မေမေတို့အနေနဲ့ နို့တင်းတာ၊ နို့ကြောင်းပိတ်တာတေွ ဖြစ်ပေါ်လာပြီဆိုရင်တော့ -
- မေွးစရက်တေွမှာ ကလေးနို့စို့ပြီးတိုင်း နို့ကျန်များကို ညှစ်ထုတ်ပစ်ခြင်း
(အကောင်းဆုံးနည်းလမ်းမှာ လက်ဖြင့်ညှစ်ထုတ်ခြင်း ဖြစ်ပါတယ်။ အခြားနည်းလမ်းကတော့ နေွးတဲ့ပုလင်း (ဒါမှမဟုတ်) ဖန်ခွက်တို့ကိုသုံးပြီး ညှစ်ခြင်းဖြစ်ပါတယ်။ မိခင်ရဲ့နို့သီးခေါင်းပတ်လည်အရေပြားကို ညင်သာစွာနှိပ်နယ်ပွတ်သပ်ပေးဖို့လိုပါတယ်)
- နို့အနည်းငယ်ညှစ်ထုတ်ပြီး နို့အုံပျော့ပျောင်းလာချိန်တွင် ကလေးနို့စို့ရန် လွယ်ကူလာပါမည်။ ကလေးငယ်နို့မစို့နိုင်ပါက ကလေးငယ်အား ညှစ်ထားထားတဲ့ နို့ကို ခွက်နဲ့ (ဒါမှမဟုတ်) ဇွန်းနဲ့တိုက်ပေးပါ။ သားမြတ်ပျော့လာချိန်အထိ နို့ကိုမကြာခဏ ညှစ်ထုတ်ပေးရပါမယ်။
- ရေနေွးဝတ်နဲ့ သားမြတ်အားဖိချေပေးခြင်း (ဒါမှမဟုတ်) နေွးတဲ့အဝတ်နဲ့ဖိချေပေးခြင်းနည်းလမး်နဲ့ဆောင်ရွက်ပေးဖို့လိုပါတယ်။ ဒီနည်းလမ်းကို နို့တိုက်မိခင်အားပြသပေးပြီး မိခင်ကိုယ်တိုင်ပြုလုပ်ပါစေ။
- နို့ကြောင်းပိတ်တဲ့ဘက်မှာ ကလေးငယ်ကိုနို့မကြာခဏပေးစို့ပါ။
ရေှာင်ကြဉ်ရန် -
- နို့ကို စည်းထားခြင်း၊ ရေလျော့သောက်ခြင်း၊ ဆီးဆေးများပေးခြင်း၊ နို့ခမ်းဆေးများထိုးခြင်းကို ရေှာင်ရှားသင့်ပါတယ်။
- နို့ကြောင်းပိတ်ခြင်းကို ကာကွယ်ရန်မှာ တင်းကြပ်သော ဘရာစီယာဝတ်ဆင်ခြင်း၊ ကလေးကို နောက်ပိုးသိုင်းသော ကြိုးနဲ့ချည်တဲ့အခါ ကြိုးဟာသားမြတ်ကိုဖိမိခြင်းမျိုး ရေှာင်ကြဉ်ဖို့လိုပါတယ်။
Kyarlay