ဗီတာမင်ဘီဝမ်း ချို့တဲ့မှုကြောင့်ဖြစ်သည့် သူငယ်နာ(ဘယ်ရီဘယ်ရီ) ရောဂါမဖြစ်စေရန် ဆောင်ရန်၊ ရေှာင်ရန်များ
ဖေဖေ၊ မေမေတို့ရေ ရင်သေွးငယ်လေးတေွမှာ ဗီတာမင်ဘီဝမ်းချို့တဲ့ရင် သူငယ်နာ(ဘယ်ရီဘယ်ရီ) ရောဂါဖြစ်ပွားတတ်ပါတယ်။ တကယ်လို့ အချိန်မီမကုသဘူးဆိုရင်တော့ အသက်သေဆုံးတဲ့အထိဖြစ်နိုင်ပါတယ်။ ဒီရောဂါအတွက် အသက်ကယ်ဆေးကတော့ ဗီတာမင်ဘီဝမး်ထိုးဆေးပဲဖြစ်ပါတယ်။ အဲ့ဒီရောဂါကတော့ အသက် (၁) လကနေ (၆) လအထိ ကလေးငယ်တေွမှာ အများဆုံးဖြစ်ပွားတတ်ပါတယ်။ အဲ့ဒီအသက်အရွယ်တေွက မိခင်နို့ချိုကိုသာ သောက်သုံးနေရတဲ့ အရွယ်တေွဆိုတော့ မိခင်တေွက အစားရေှာင်တာတေွမရှိဘဲ ဗီတာမင်ဘီဝမ်းပြည့်ဝတဲ့အစားအစာတေွကို စားသုံးပေးဖို့အတွက် လိုအပ်ပါတယ်နော်။ နို့တို့မိခင်တေွက အစားရေှာင်လွန်းတာ၊ ဆန်ကိုအရမ်းဖြူတဲ့အထိ ကြိတ်ခဲွစားတာ၊ ဆန်ကိုအထပ်ထပ်ဆေးပြီးစားတာ၊ ထမင်းရည်ငှဲ့ပြီးစားတာတေွက ဗီတာမင်ဘီဝမ်းချို့တဲ့သွားနိုင်ပါတယ်။ အဲ့ဒါကြောင့်လည်း နို့တိုက်မိခင်တေွအနေနဲ့ သတိထားသင့်ပါတယ်။
ဗီတာမင်ဘီဝမ်းချို့တဲ့မှုကြောင့်ဖြစ်တတ်တဲ့ သူငယ်နာ(ဘယ်ရီဘယ်ရီ) ရောဂါမဖြစ်ပွားဖို့ဆိုရင်တော့ နို့တိုက်မိခင်တေွက အာဟာရဖြစ်စေတဲ့အစားအစာတေွကို လုံလောက်အောင်စားပေးဖို့လိုပါတယ်။ ထမင်းချက်တဲ့အခါမှာလည်း ထမင်းရည်ငှဲ့ပြီးမှချက်တာမျိုးကိုသာစားတတ်တယ်ဆိုရင် မိသားစုဝင်တေွအားလုံး ထမင်းရည်သောက်သင့်ပါတယ်။ ပဲအမျိုးမျိုး၊ အဆီလွတ်ဝက်သား၊ မောင်းထောင်းဆန်(ဆန်လုံးညို)၊ လေှျာ့ကြိတ်ဆန်၊ ပြုတ်ဆန်(ပေါင်းဆန်၊ စပါးအခွံမချွတ်မီ ရေနေွးနဲ့ပေါင်းထားတဲ့ဆန်) စတာတေွက ဗီတာမင်ဘီဝမ်းကြွယ်ဝလို့ အဲ့ဒီအစားအစာတေွကို စားသုံးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တေွအနေနဲ့လည်း အသက် ၉ လကနေ မေွးဖွားပြီး ၃ လအထိ ဗီတာမင်ဘီဝမ်းပါတဲ့ ဆေးပြားကို နေ့စဉ်သောက်သုံးပေးဖို့လိုအပ်ပါတယ်။
ဖေဖေမေမေတို့ရေ ကျန်းမာတဲ့ကလေးက ရုတ်တရက် တအင်အင်နဲ့ အဆက်မပြတ်ငိုညည်းနေတာ၊ ငိုညည်းနေရာကနေ အသံတိမ်ပြီးဝင်သွားတာ၊ အသက်ရှူခက်ခဲလာတာ၊ ပြာနှမ်းလာတာ၊ အော့အန်တာ၊ မျက်ဖြူလန်တာတေွှဖစ်လာတယ်ဆိုရင်တော့ ဗီတာမင်ဘီဝမ်း ချို့တဲ့တာကြောင့်ဖြစ်တတ်တဲ့ သူငယ်နာ (ဘယ်ရီဘယ်ရီ) ရောဂါလက္ခဏာတေွကို ပြသနေတာဖြစ်လို့ မိသားစုတေွအားလုံးက သတိထားပြီး ဂရုစိုက်ပေးသင့်ပါတယ်။ အဲ့ဒီလိုလက္ခဏာတေွကလေးငယ်တေွမှာ ခံစားနေရပြီဆိုရင်တော့ ကျန်းမာရေးဌာနတေွကို သွားရောက်ပြသပြီး လိုအပ်တဲ့ကုသမှုတေွကိုပြုလုပ်ပေးဖို့အတွက် ကျားလေးကအကြံပြုလိုက်ပါတယ်နော်။ မိသားစုဝင်တေွအားလုံးသိရှိမှတ်သားထားသင့်တဲ့ ကျန်းမာရေးဆိုင်ရာအချက်အလက်တေွကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ လက်စွဲစာအုပ်ဖော်ပြချက်တေွအရ ကျားလေးကနေ ပြန်လည်မှျဝေပေးလျက်ရှိပါတယ်။ ပျော်ရွှင်စရာမိသားစုဘဝလေးတေွကို ပိုင်ဆိုင်နိုင်ကြစေနော်။
Ref;HM (ကျားလေး)