မေမေတို့ရဲ့ ကလေးငယ်ေလးတွေဟာ နို့ချိုတိုက်ကျွေးပြီးချိန်မှာ အခန့်မသင့်ဘဲ လေပျို့တာ၊ ကြို့ထိုးတာတွေ ဖြစ်တတ်ပါတယ်။ အဲ့ဒီလိုဖြစ်တဲ့အခါမှာ ကလေးငယ်တွေအနေနဲ့ နေမထိထိုင်မသာဖြစ်ပြီး မသာမယာဖြစ်တတ်ပါတယ်။ အဲ့ဒီအတွက် ဒီလိုအခြေအနေမျိုးမှာ ကလေးငယ်တွေကို ဘယ်လိုမျိုး လေထုတ်ပေးနိုင်မလဲဆိုတာကို ကျားလေးက မေမေတို့အတွက် မျှဝေပေးလိုက်ပါတယ်။
ပထမနည်းလမ်းလေးကတော့ .. သားသားမီးမီးလေးတွေကို ဖေဖေ၊ မေမေတို့က ပခုံးပေါ်မှောက်လျက်ချီပိုးပေးပြီး ကျောလေးကို အသာအယာပွတ်သပ်လို့ လေထုတ်ပေးနိုင်ပါတယ်။
ဒုတိယတစ်နည်းကတော့ .. ဖေဖေမေမေတို့ရဲ့ ပေါင်ပေါ်မှာ သားသားမီးမီးတို့ကို မှောက်လျက်အနေအထားနဲ့ထားရှိပြီး ကျောကုန်းလေးကို ပွတ်သပ်ပေးရမှာပါ။ ကလေးငယ်ရဲ့မျက်နှာလေးကို ဖေဖေ၊ မေမေတို့လက်ကလေးနဲ့ ထိန်းမပေးဖို့မမေ့ပါနဲ့နော်။
တတိယနည်းလမ်းလေးကလည်း လွယ်ကူပါတယ်။ ကလေးငယ်ကို မေမေ့လက်နဲ့ထိန်းပြီး အထိုင်ပုံစံထားပေးရမှာပါ။ ရင်ကိုလက်နဲ့ထိန်းကိုင်ထားပြီး အနည်းငယ် စောင်းစောင်းလေးထားရှိပြီးတဲ့ အခါမှာတော့ မေမေတို့က ကျောကုန်းလေးကို ပွတ်သပ်ပေးပြီး လေထုတ်ပေးပါနော်။ အဲ့ဒီနည်းလမ်းလေးတွေကတော့ ကလေးငယ်တွေကို နေထိုင်မကောင်းဖြစ်နေစေတဲ့ ကြို့ထိုးတာ၊ လေပျို့တာတွေကို ပျောက်ကင်းစေနိုင်မှာပါ။