စျေး မီဒီယာ
တစ်နှစ်မှ သုံးနှစ်

ကလေးငယ် တစ်ကြိမ်မှာ အချိန်နည်းနည်းပဲ နို့စို့တာ ပုံမှန်ပဲလား

Posted by Phone Pyae Toe July 3, 2020
Brpie7ajhfuwn7fmwzfr

မေမေတို့အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်ကနေစပြီး မွေးဖွားတဲ့အချိန်အထိ ကိုယ့်ရဲ့ရင်သွေးလေးကို သေချာပြုစု ပျိုးထောင်ပေးရမှာပါ။ ကလေးငယ်လေးကို ပြုစုတဲ့အချိန်မှာ မိခင်နို့တိုက်ကျွေးတာက အလွန်အရေးကြီးတဲ့ကဏ္ဍာပါ။ ဘာလို့လဲဆိုတာတော့ မိခင်နို့ဟာ ကလေးငယ်လေးအာဟာရအတွက် အရေးပါနေလို့ပါ။

ဒါကြောင့် မေမေတို့အနေနဲ့ နို့တိုက်ကျွေးတာနဲ့ ပတ်သက်ပြီး သေချာဂရုစိုက်ရပါတယ်။ မေမေတို့အနေနဲ့ ကလေးငယ်မွေးဖွားပြီး (၆) လအတွင်း မိခင်နို့ကိုပဲ တိုက်ကျွေးနေရမှာပါ။ မွေးမွေးချင်း ပထမဆုံးလမှာတော့ မိခင်နို့ကို (၈) ကြိမ်ကနေ (၁၂) ကြိမ်အထိ တိုက်ကျွေးရပါမယ်။

နောက် (၁) လကနေ (၃) လအထိတော့ မိခင်နို့ကို တစ်နေ့ (၇) ကြိမ်ကနေ (၉) ကြိမ်အထိ တိုက်ကျွေးရပါမယ်။ (၄)လကနေ (၆) လအထိတော့ မိခင်နို့ကို တစ်နေ့ (၇) ကြိမ်တိုက်ကျွေးရပါမယ်။ ဒီနေရာမှာ ကလေးငယ်ဟာ တစ်ကြိမ်ကို မိခင်နို့ကို အချိန်နည်းနည်းပဲ စို့တာက ပုံမှန်ပါပဲ။

Bxb8wlr0vdm6tv0zhffi

ဖွံ့ဖြိုးကြီးထွားမှုမြန်တဲ့ ကလေးငယ်ဟာ တစ်ကြိမ်ကို မိခင်နို့ (၂) မိနစ်လောက် စို့ရင်ပဲ လုံလောက်မှု ရှိတယ်လို့ သိရပါတယ်။ တချို့ကလေးငယ်တွေကျတော့ ခဏလေးပဲစို့ပြီး အိပ်ပျော်သွားတတ်ပါတယ်။ ဒါက မေမေတို့ရဲ့ နို့ထွက်နိုင်စွမ်းနဲ့ စိတ်ခံစားချက်အပေါ်မှာလည်း မူတည်နေပါတယ်။ တချို့ကလေးတွေကျတော့ နည်းနည်းပဲစို့လိုက်၊ နားလိုက်၊ ပြန်စို့လိုက်လည်း လုပ်တတ်ပါတယ်။

ကလေးငယ်နို့ဝကြောင်းသိနိုင်တဲ့အချက်များကတော့ တစ်နေ့လျှင် နို့အနည်းဆုံး ၈ ကြိမ်ခန့် စို့ရခြင်း။ နို့စို့နေစဉ် နို့စုပ်ယူမှုသည် အားကောင်းပြီး နို့ကိုမြိုချသော အသံကြားရခြင်း၊နို့ဝသွားပါက ကျေနပ်သွားပြီး အိပ်ပျော်ခြင်း၊ နိုးလာလျှင်လည်း စိတ်ကြည်လင်စွာ ပြုံးရွှင်ရွှင်ဖြစ်ခြင်း၊အသားအရည် တင်းရင်း ကျစ်လစ်ခြင်း၊ ကလေးငယ်အား တစ်နေ့လျှင် ၆ ကြိမ်နှင့် အထက် သေးခံ ကိုလဲပေးရခြင်းတို့ ဖြစ်တတ်ပါတယ်။

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.