မေမေတို့ရေ
ကျမမှာ သားလေး၂ယောက်ရှိပါတယ်
၃နှစ် ၃လ အရွယ်သားကြီးနဲ့
၁နှစ် ၁၀လအရွယ် သားငယ်လေးပါ
သားကြီး၉လမှာ သားငယ်ကိုယ်ဝန်မမျှော်လင့်ဘဲရခဲ့တာပါ
သားကြီးကို သားငယ်လေးကိုယ်ဝန်ဆောင်စဥ် တလျောက်လုံး စကားပြောပေးတာ သူ့ညီလေးနဲ့မိတ်ဆက်ပေးတာလုပ်ပေးပါတယ် မွေးလာတော့လည်း သားကြီးစိတ်ဒဏ်ရာမရအောင် ပိုကရုစိုက်ပေးဖြစ်ပါတယ် သားငယ်လေးကိုလည်းကရုစိုက်ပါတယ် ခု အရွယ်လေးတွေတူလာတော့ ဆော့ရင်းလုကြ သားကြီးက သားငယ်လေးကို တွန်းချ အဲ့လိုတွေဖြစ်လာတော့ လူကြီးတွေက သားကြီးကိုမဆုံးမဘူး သားငယ်ကိုမချစ်ဘူးတွေ ပြောလာရော ကစားစရာဆိုလည်း ဆင်တူ၂ခုဝယ်ပေးရ မေမေတို့ရော ဒီအခက်အခဲတွေ ဘယ်လိုကျော်ဖြတ်ခဲ့ပါသလဲရှင် ဆွေးနွေးပေးကြနော်