ကလေးငယ်များ စည်းကမ်းတကျနဲ့ နေထိုင်ပြုမူတတ်စေဖို့အတွက် ငယ်စဉ်ကတည်းက လေ့ကျင့်ပေးထားဖို့လိုပါတယ်။ သားသားမီးမီးတို့ရဲ့ အနေအထိုင် အပြောအဆို အပြုအမူတေွမှာ အဆင်ပြေချောမေွ့စေဖို့အတွက် ငယ်စဉ်ကတည်းက လေ့ကျင့်မှုတေွ ပြုလုပ်ပေးထားရမှာပါ။
ကလေးငယ်တေွစည်းကမ်းတကျရှိဖို့အတွက်
- အရာဝတ္တုပစ္စည်းတေွနဲ့ ကစားပြီးတဲ့အခါ ကစားစရာတေွကို ကလေးနဲ့အတူတူ သိမ်းဆည်းပါ။
- အိမ်သန့်ရှင်းရေးပြုလုပ်တဲ့အခါ၊ အိပ်ယာ သိမ်းဆည်းတဲ့အခါမှာလည်း ကလေးနဲ့အတူ သိမ်းဆည်းပါ။
ကိုယ်ဖွထားတဲ့ ပစ္စည်းကို ကိုယ်တိုင်တာဝန်ယူ သိမ်းဆည်းတတ်တဲ့ အလေ့အကျင့်ဖြစ်လာအောင် ကိုယ်ကချည်း တစ်ယောက်တည်း မလုပ်ဘဲ ကလေးကိုပါ ပါဝင်လုပ်ဆောင်ခွင့်ပေးဖို့ လိုပါတယ်။ ဒါမှသာ ကလေးဟာ အမေနဲ့အတူတူ လုပ်ရတဲ့အတွက် ပျော်ရွှင်စွာနဲ့ ကိုယ့်အလုပ်ကို တာဝန်ယူတတ်လာမှာဖြစ်ပါတယ်။
Kyarlay