တကယ်လို့ သားအိမ် ပြင်ပမှာ သန္ဓေတည်နေမယ်ဆိုရင် မိခင်နဲ့ ကလေးအတွက် ဆိုးကျိုး အများကြီး ဖြစ်စေပါတယ်။ ကလေးလို့ အကောင်အထည်မဖြစ်ခင်ကတည်းက ရင်သေွးကို အသက်ဆုံးရှုံးရသလို မိခင်ကိုလည်း စောစောစီးစီး ကုသမှုမလုပ်ရင် အသက်ဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့် သေချာ ဂရုစိုက်စေချင်တယ်။
ဒီလိုဖြစ်ဖို့အတွက် ဆိုးကျိုး (၃) မျိုး ရှိပါတယ်။
(၁) သားဥပြွန် ပေါက်ကွဲခြင်း (Tubal rupture) ကြောင့် သန္ဓေသား ပျက်စီးခြင်း၊ မိခင်ကလည်း သေွးယိုစိမ့်ပြီး သေွးပေါင်ကျခြင်း၊ သေွးအား အလွန်နည်းပြီး အရေးပေါ် ခွဲစိတ်မှု မလုပ်ရင် အသက်ဆုံးရံှုးနိုင်ပါတယ်။
(၂) သားဥပြွန် မပေါက်ကွဲရင်လည်း ကိုယ်ဝန်ပျက်ခြင်း Tubal Abortion ကြောင့် သန္ဓေသားက ဆက်လက် မဖွံံဖြိုးနိုင်ဘဲ ပျက်စီးသွားမယ်။ မိခင်ရဲ့ ခန္ဓာကိုယ်ထဲမှာ သေွးတေွယိုစိမ့်ပြီး အထက်ပါအတိုင်း ဖြစ်တတ်ပါတယ်။
(၃) တစ်ခါတစ်ရံ သန္ဓေသားက သားအိမ်ထဲကို မသွားဘဲ သားဥပြွန်ကနေတဆင့် ၀မ်းဗိုက်ထဲ ရောက်သွားပြီး ဆက်လက်ကြီးထွားလာတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒီလိုမျိုးဖြစ်ရင် ဝမ်းဗိုက်ထဲက အူတေွနဲ့ ကလေးရဲ့ အချင်းက တွယ်ကပ်လာပြီး နေ့စေ့လစေ့နီးပါး ကြီးထွားလာခြင်းကို (Abdominal Pregnancy) ၀မ်းတွင်းကိုယ်ဝန်ဆောင်ခြင်း လို့ ခေါ်ပါတယ်။ ဒါမျိုးက ဖြစ်ခဲပါတယ်။ ၄င်းကလေးငယ်ကို သဘာဝအတိုင်း မေွးဖွားမရပါ။ ဗိုက်ခွဲမေွးရာတွင် အလွန်ကျှမ်းကျင်သော ဆရာဝန်ကြီးများနှင့် သာ ခွဲသင့်သည်။ ခွဲစိတ်မှု ခက်ခဲ၍ သေွးများစွာ ထွက်တတ်သည်။ ကလေး၏ အချင်းကို မိခင်၏ အူမှ ခွာရာတွင် သတိကြီးစွာ ထားရသည်။
Ref: မေ့ရင်သေွး