
မေွးကာစတွင် ပါးစပ်၊ နှုတ်ခမ်းကို အရာဝတ္ထုတစ်ခုခုနှင့် ထိလိုက်လှျင်ပင် ပါးစပ်နှင့် ဖမ်းစုပ် ပေသည်။ ထို့ကြောင့် လူကြီးလက်ညှိုး (သို့) မိခင်နို့သီးခေါင်းတစ်ခုခုနှင့်ထိတေွ့ရုံနှင့် စုပ်နိုင်သည်။ မေွးကင်းစ ကလေးငယ်၏ အသက်ရှင်ရေး တုန့်ပြန်ချက်တစ်ခုဖြစ်သည်။ ထိုသို့ရှာဖေွစုပ်နိုင်မှသာ မိခင်နို့ အာဟာရကို ရရှိမည်ဖြစ်သည်။ အာဟာရအပြင် နေွးထေွးမှု၊ လုံခြုံမှု၊ ဇိမ်ကျမှု၊ အပန်းဖြေမှု၊ စိတ်သက်သာ ရမှု တို့ကိုလည်း ပေးစွမ်းနိုင်သည်။
အသက် ၄-လအရွယ်တွင် ယင်းနို့ဟပ်သည့်တုန့်ပြန်မှုပျောက်သွားသည်။ အသက် ၆ လတွင် ဖြည့်စွက်စာ စကျေွးသည်။ ထိုမှတစ်ဆင့် နို့စို့နည်းလာပြီး နို့ပြတ်သွားသည်။ သို့သော် အချို့ကလေးများ သည် နို့ပြတ်သွားသော်လည်း အာဟာရအတွက် မဟုတ်ဘဲ အထက်တွင်ဖော်ပြခဲ့သည့် နေွးထေွးမှု၊ လုံခြုံမှု၊ အပန်းဖြေမှုတို့ ဆက်လက်ရရှိရန် လက်မ စုပ်သည့်အကျင့်နှင့်အစားထိုးလာသည်။
Ref: မေ့ရင်သေွးမဂ္ဂဇင်း