ကလေးနဲ့ဝမ်းချုပ်ခြင်းအကြောင်းကို ဒီမေမေသိသလောက်ေလ့လာထားသေလာက်လေး ပြောပြပေးမယ်နော်။ မြတ်နိုးမှာ သုံးနှစ်ပြည့်ခါနီးသမီးလေး တစ်ယောက်ရှိတယ်။ နာမည်က ပေါက်ပေါက် လို့ခေါ်ပါတယ်။
ပေါက်ငယ်ငယ်က အရမ်းဝမ်းချုပ်တဲ့ ကလေးလေးပါ။ ခြောက်လဝန်းကျင်က အဆိုးဆုံးပဲ။ ဝမ်းကို သုံးရက်လောက်မှ တစ်ခါသွားပြီး ဝမ်းသွားချိန်ဆို အသားတွေညှစ် မျက်ရည်တွေပေါက်ပေါက်ကျပြီး အော်ငိုတော့တာပါပဲ။ နောက်ဆုံး သွေးစလေးတွေပါပြီး ဆေးခန်းရောက်တာလည်း နှစ်ကြိမ်ထက်မနည်းပါ။ ခြောက်လမပြည့်ခင်အထိက မိခင်နို့တစ်ခုထဲတိုက်ခဲ့တော့ ပြသနာမရှိပေမယ့် ခြောက်လပြည့်လို့ ဖြည့်စွက်စာ စကျွေးတဲ့အချိန်မှာ ဝမ်းပြသနာစတော့တာပါပဲ။ အဲ့တော့ နည်းမျိုးစုံသုံးပြီး ဝမ်းပြသနာကို ဖြေရှင်းရတော့တာပါပဲ။ သူ့အသက်အရွယ်အလိုက် စားလို့ရတဲ့ အသီးအနှံလေးတွေ အဓိကထားကျွေးတယ်။ မိခင် ကိုယ်တိုင်လည်း အမျှင်ဓာတ်များများပါတဲ့ အသီးအနှံတွေ ရွေးစားတယ်။ Gerber က ထုတ်တဲ့ prunes Puree လေးကျွေးတယ်။ kidlac လေး ရက်ခြားတိုက်ပေးတယ်။ ကလေးအထူးကု ကတော့ ဆေးတွေကို အားမပေးပါဘူး။ အသီးအနှံလေးတွေ ပိုကျွေးခိုင်းတယ်။ ရေကျက်အေးလေး တိုက်ခိုင်းတယ်။
တစ်နှစ်ကျော်မှာတော့ pascual ကထုတ်တဲ့ ဒိန်ချဉ်တွေ cheese stick လေးတွေကျွေးဖြစ်တယ်။ အကုန်လုံးကိုလည်း ကျားလေး ကနေ လွယ်လွယ်ကူကူမှာလို့ရတော့ အရမ်းကိုအဆင်ပြေခဲ့တာပေါ့။
ပေါက်ကလေးက သားဦးကလေးလည်းဖြစ် မေမေကလည်း အတွေ့အကြုံ မရှိတော့ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်မိတော့ စာတွေလိုက်ဖတ်ရင်း သိရသလောက်လေး ပြောပြပါ့မယ်နော်။
ကလေးလေးတွေမှာ ဝမ်းချုပ်တာက ပုံမှန်ပါပဲတဲ့ အရမ်းကြီး စိုးရိမ်စရာ မလိုပါဘူး။ ဝမ်းသွားခါနီး ငိုတာ စမြင်းလို့ခေါ်တဲ့ ဝမ်းမာမာလေးတွေ သွားတာမျိုးက ဖြစ်လေ့ရှိပါတယ်။ များသောအားဖြင့်က ကလေးလေးတွေကို potty train တာ စောတာမျိုးနဲ့ အစားအသောက်ပုံစံပြောင်းလဲတဲ့အခါမျိုးမှာ ဖြစ်လေ့ရှိပါတယ်။
ဒါပေမယ့် ဘယ်အချိန်မှာ စိုးရိမ်ရလဲ...ဘယ်အချိန်မှာ ဆရာဝန်ပြသင့်လဲ ဆိုတာလေးတွေလည်း ရှိပါသေးတယ်။ အဲ့တာကတော့..
@ နှစ်ပတ်ထက်ပိုပြီး ဝမ်းချုပ်နေတာ
@ ဖျားတာ
@ အစားမစားတော့တာ
@ ဝမ်းမှာ သွေးပါတာ
@ ဗိုက်မခံမရပ်နိုင်အောင်နာတာ
@ ဝမ်းအရမ်းညှစ်သွားပြီးချိန်မှာ စအိုအသားစလေးတွေ အပြင်ကိုထွက်နေတာမျိုး တွေမှာတော့ ကလေးဆရာဝန်ဆီ ပြဖို့ လိုပါတယ်နော်။
ကဲ မေမေတို့ရဲ့ သားသားမီးမီးလေးတွေရော ဝမ်းပြသနာလေးတွေကြုံဖူးကြလား။
ဘယ်လိုတွေ အလေ့အကျင့်လေးတွေ ရှိလဲ။
ဘယ်လိုနည်းလေးတွေနဲ့ ဖြေရှင်းကြလဲ ပြောပြကြပါဦးနော်။