စျေး မီဒီယာ

Posted by phyo pyae July 1, 2020

👶ကလေးဝမ်းလျားမှောက်ခြင်းအကြာင်းကို ဖတ်ထားမိတဲ့ စာလေးကိုပြန်ပြီးsharing လုပ်ပေးချင်တာပါ

💦 ကလေးတွေဘယ်အချိန်မှာ စမှောက်တတ်သလဲ ??

၂လသား အရွယ်ခန့်တွင် ခေါင်းကလေးထောင်၍ ကမ္ဘာလောကကြီးကို စတင်စူးစမ်းလာနိုင်ပြီဖြစ်သော ကလေးတစ်ယောက်သည် အသက် ၆လ မှ ၇ လအတွင်းတွင် မိမိဖာသာ မှောက်ခြင်း ပက်လက်ပြန်လှန်ခြင်းကို လုပ်နိုင်ရမည်ဟု လက်ခံထားကြပါတယ်

ထိုမှတစ်ဆင့်  ၉လ အရွယ်တွင် စတင် တွားသွား၍ သူသွားလိုရာ ဆော့လိုရာကို ကိုင်ဆွဲမတ်တပ်ရပ် ဆော့ကစားနိုင်ပြီဆိုလျှင် ကလေးတစ်ယောက်၏ ဝမ်းလျားမှောက်ခြင်း ခရီးစဉ် အတော်ခရီးရောက်ပြီဟု ဆိုနိုင်ပေမည်။

💦 ကလေးမှောက်ခြင်း နှင့် Sudden Infant Death Syndrome

မွေးကင်းစကလေးကို အမြဲတမ်း ပက်လက်အနေအထားဖြင့်သာ သိပ်ရမည်ဟု ဆရာဝန်တိုင်းမှာကြသည်။

မိမိဦးခေါင်းကို မိမိကောင်းစွာမနိုင်သေးသည့်အတွက် အသက်ရှူလမ်းကြောင်းပိတ်၍ တစ်နှစ်အောက်ကလေးများ ပုခက်အတွင်း အိပ်ယာအတွင်း ရုတ်တရက် သေဆုံးမှုနှုန်းသည် ယခင် ခေတ်ကာလများတွင် အလွန်ကြောက်မက်ဖွယ်များခဲ့၍ပင်ဖြစ်သည်။

1994တွင် အမေရိကမှ စတင်ခဲ့သည့် ကလေးထိန်းပက်လက်သိပ်ရန်ဆိုသည့် Safe to Sleep(Back to Sleep) ကမ်ပိန်း၏ အကျိုးကျေးဇူးကြောင့် ယင်းမွေးကင်းစသေနှုန်းကို ထက်ဝက်မက လျှော့ချနိုင်ခဲ့
သော်လည်း အခြားတဖက်တွက် မြင့်တက်လာသည်ကား ပက်လက်အနေများရင်း နုနယ်သည့် ကလေးဦးခေါင်းခွံ နောက်ပိုင်းပြားလာသည့်
Positional Plagiocephaly (Flat spot syndrome) ပြဿနာဖြစ်၏။

🚩 ဝမ်းလျားအမှောက်နည်းသည့် ကလေးများတွင် ဖြစ်လာတတ်သည့် ယင်း ပြဿနာအတွက် မိမိကလေးတွင် သတိထားမိလျှင် ကလေးဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးကုသရမည် ဖြစ်သကဲ့သို့ ကြိုတင်ကာကွယ်ရန်အတွက်ကား ကလေးကို မွေးစကတည်းက ဝမ်းလျားမှောက် လေ့ကျင့်ပေးခြင်းသည် အလွန်အရေးကြီးလှပေသည်။

💦 ဝမ်းလျားမှောက်ဖို့လေ့ကျင့်ပေးကြမယ် (Tummy Time)

▪️ဘယ်အချိန်စလေ့ကျင့်မလဲ ဘယ်လိုလေ့ကျင့်မလဲ?

American Academy of Pediatrics ကတော့
စောနိုင်သမျှစောပါဟု ဆို၏။
အချို့ကား မွေးပြီးရက်ပိုင်းအတွင်းပင် စလေ့ကျင့်ကြပေသည်။

ထူးထူးဆန်းဆန်းမဟုတ်။
ကလေးကို ပျော့ပြောင်းခိုင်မာသည့် ကြမ်းခင်းတစ်ခုပေါ်တွင် ကလေးနိုးနိုးကြားကြားရှိနေခိုက်တွင် တဖြုတ်ဝမ်းလျားမှောက်ပေးခြင်းပင်ဖြစ်သည်။
အိပ်ရာနိုးစ အချိန် အနှီးလှဲချိန်များတွင် ဆိုလျှင် ပိုကောင်း၏။

ကလေးထိန်းသူပါ နိုးနိုးကြားကြား မျက်ခြေမပြတ်စောင့်ကြည့်ပေးရန် အထူးလိုအပ်၏။

အမေဗိုက်ပေါ်တွင် မှောက်ပေးချိန်မျိုးတွင်မူ ကလေးရော အမေရော အိပ်ပျော်သွားတတ်၍ အလွန်အန္တရာယ်ကြီးသည်ဖြစ်ရာ အင်မတန်သတိထားရပေသည်။

ပထမဆုံးအကြိမ်များသည်ကား ခေါင်းမခိုင်သေးသော ကလေးအတွက် စိတ်ညစ်ညူးစရာ ကြောက်စရာအခြေအနေဖြစ်၍ ကြိုက်မည်မဟုတ်ပေ။

နောက်ပိုင်းတွင် တဖြည်းဖြည်း နေသားကျလာမည်ဖြစ်ပြီး လောကကြီးကို အမြဲပက်လက်မြင်ကွင်းသာကြည့်မြင်နေရသော  ကလေးလည်း ဝမ်းလျားမှောက်ရင်းမြင်ရသော မြင်ကွင်းအသစ်များတွင် ပျော်ရွှင်စရာကို ရှာဖွေတတ်လာပေမည်။

ကလေးရှေ့လက်တစ်ကမ်းစာ မမီ့တမီအကွာအဝေးတွင် ကလေးစိတ်ဝင်စားမည့် ရောင်စုံကစားစရာ အရုပ်လေးများထားပေးခြင်းဖြင့်လည်း ကလေးပိုမို တိုးတက်လာအောင် လှုံ့ဆော်ပေးနိုင်ပေသည်။

ဝမ်းလျားမှောက်ပေးခြင်းဖြင့် ကလေး၏ ကြွက်သားအုပ်စုများ ပိုမိုသန်မာလာစေရုံမက လေနာထခြင်းကိုပါ သက်သာစေပါမည်။

တဖြည်းဖြည်း အကြိမ်ရေနှင့် အချိန် တိုးယူရင်း ကလေး သုံးလေးလအရွယ်တွင် တနေကုန် စုစုပေါင်း မိနစ်နှစ်ဆယ်မှ နာရီဝက်လောက်ရသည်အထိ ရည်မှန်းလေ့ကျင့်ရပါမည်။

သို့မှသာ တဖြည်းဖြည်း ကလေးငယ်၏ လည်ပင်းကြွက်သား၊ ပုခုံးကြွက်သား၊ ဝမ်းဗိုက်နှင့် ပေါင်ကြွက်သားများ ပိုမိုသန်စွန်းလာရင်း ခြောက်လ ခုနစ်လအရွယ်တွင် လူကြီးအကူအညီမပါဘဲ လှန်လိုလှန် မှောက်လိုမှောက် လုပ်နိုင်သည့်  လူစွမ်းကောင်း ပိစိကွေးလေးများဖြစ်လာနိုင်မှာပါ။

ဒီစာလေးဖတ်မိတော့မှ အရင်က ကလေးဇတ်မခိုင်ပဲမှောက်ကျင့်ပေးမိရင် အဆူခံခဲ့ရတာတွေကို သတိရမိတယ်။ ဘာပဲဖြစ်ဖြစ်ကျင့်ပေးခဲ့တော့ သားသား 5 လအတိမှာ သူ့ဘာသာသူလဲမှောက်တတ်နေပါပြီ ။
ကျန်သောမေမေများလည်း ဖတ်ကြရအောင်ပြန်ပြီး sharing ပြန်လုပ်ပါတယ်။ ဗဟုသုတရအောင် ရေးပေးတဲ့ ဒေါက်တာကိုလည်း credit ပေးပါတယ်ရှင့်

ဖေဖေ မေမေတို့ရဲ့အမြင်လေးတွေကိုလည်း တချက်ပြောပြခဲ့ပါအုံးနော်

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright Š 2019 Kyarlay . All Rights Reserved.