Kyarlay.com

almost 2 years

အသက်ရှူလမ်းကြောင်းရောဂါတစ်မျိုးဖြစ်သည့် ကြက်ညှာချောင်းဆိုးရောဂါ


Gxvdqrtq1y1iabsm2i1j

ဖေဖေ၊ မေမေတို့ရေ ရင်သေွးငယ်လေးတေွကို ဂရုတစိုက်နဲ့ ကာကွယ်ပေးရမယ့် ရောဂါတေွထဲမှာ အသက်ရှူလမ်းကြောင်းရောဂါတစ်မျိုးဖြစ်တဲ့ ကြက်ညှာချောင်းဆိုးရောဂါလည်း ပါ၀င်တယ်နော်။ အဲ့ဒီရောဂါကတော့ ဘက်တီးရီးယားရောဂါပိုးကြောင့် ဖြစ်ပွားရတာဖြစ်ပြီး နှာချေတာ၊ ချောင်းဆိုးတာတေွကတဆင့် လူတစ်ဦးကနေ တစ်ဦးထံကိုကူးစက်နိုင်တာဖြစ်ပါတယ်။ ဒီရောဂါကိုတော့ တစ်နှစ်အောက်ကလေးတေွနဲ့ ငယ်ရွယ်တဲ့ကလေးငယ်တေွမှာ အဖြစ်များပြားပါတယ်။ အဲ့ဒီရောဂါပြင်းထန်တဲ့အခါ နောက်ဆက်တွဲပြဿနာတေွနဲ့ နောက်ဆုံးမှာ အသက်သေဆုံးတဲ့အထိလည်း ဖြစ်နိုင်ပါတယ်။ အဲ့ဒါကြောင့်လည်း ဖေဖေ မေမေတေွအားလုံးက ရင်သေွးငယ်လေးတေွကို ဂရုတစိုက်နဲ့ကာကွယ်ပေးဖို့လိုပါတယ်နော်။ ဘယ်လိုကာကွယ်ရမယ်ဆိုတာကိုတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လက်စွဲစာအုပ်လေးမှာဖော်ပြထားလို့ ကျားလေးက ပြန်ပြီး မှျဝေပေးမယ်နော်။



V6mq2vortikw1ykgi1ks

ဖေဖေ၊ မေမေတို့ရေ ကြက်ညှာချောင်းဆိုးရောဂါကိုကာကွယ်ဖို့အတွက်ဆိုရင်တော့ ဆုံဆို့၊ ကြက်ညှာ၊ အသည်းရောင်အသားဝါဘီ၊ Hib ပါ၀င်တဲ့ ငါးမျိုးစပ်ကာကွယ်ဆေး (Pentavalent Vaccine) နဲ့ကာကွယ်နိုင်ပါတယ်။ ငါးမျိုးစပ်ကာကွယ်ဆေးကိုတော့ အသက် (၂) လ၊ (၄) လ၊ (၆) လ အရွယ်တေွမှာ သုံးကြိမ်ထိုးနှံပေးဖို့လိုအပ်ပါတယ်နော်။ ဖေဖေ၊ မေမေတေွအားလုံးက ကလေးငယ်တေွအတွက် ထိုးနှံပေးဖို့လိုအပ်တဲ့ ရောဂါကာကွယ်ဆေးတေွကို သူ့အချိန်အတိုင်း ပုံမှန်ထိုးနှံပေးဖို့အတွက်လည်း ကျားလေးက တိုက်တွန်းလိုက်ပါတယ်။


Yyytygu2ljnkb7wvdrje

ကြက်ညှာချောင်းဆိုးရောဂါနဲ့ပတ်သက်ပြီး ကာကွယ်ဖို့သိပြီဆိုတော့ ရောဂါလက္ခဏာလေးတေွကို သိနိုင်ဖို့အတွက် မှျဝေပေးချင်ပါတယ်။ ဖေဖေ၊ မေမေတို့ရေ ရင်သေွးငယ်လေးတေွမှာ ...
- နှာရည်ယိုတာ၊ နှာချေတာ
- မျက်ရည်ယိုတာ
- အဖျားရှိတာ
- ချောင်းအနည်းငယ်ဆိုးတာတေွှဖစ်ပွားတတ်ပါတယ်။
ဖေဖေ၊ မေမေတို့ရေ တကယ်လို့ ရင်သေွးငယ်လေးတေွရဲ့ ချောင်းဆိုးတာတေွက ပိုဆိုးလာပြီး အကြိမ်များစွာပြင်းထန်လာမယ်၊ နေ့ညချောင်းဆိုးလွန်းပြီး အအိပ်အနေခက်မယ်၊ အဆက်မပြတ်ပြင်းပြင်းထန်ထန်ချောင်းဆိုးပြီး ရပ်နားတဲ့အခါ စူးရှတဲ့ဆွဲငင်သံနဲ့ရှူသွင်းသွားမယ်ဆိုရင်တော့ ရောဂါဝေဒနာခံစားနေရပြီလို့ သိရှိနိုင်ပါတယ်။


Ppu1vgy0leridmpgitj9

နောက်ထပ်ဖြစ်ပွားနိုင်မှုတေွကတော့ အဆက်မပြတ်ပြင်းထန်ကြာရှည်စွာချောင်းဆိုးတဲ့အတွက် အောက်ဆီဂျင်လုံလုံလောက်လောက်မရတော့ဘဲ ကလေးငယ်မှာ ပြာနှမ်းလာတတ်ပါတယ်။ မရပ်မနား ချောင်းရှည်ဆိုးပြီး အော့အန်ကာပင်ပန်းနွမ်းနယ်တတ်ပါတယ်။ အထူးသဖြင့်တော့ ညအချိန်တေွမှာ မကြာခဏဖြစ်ပွားတတ်ပါတယ်နော်။ အဲ့ဒါကြောင့်လည်း ဖေဖေ၊ မေမေတို့အားလုံးက သားသားမီးမီးတေွရဲ့ နေထိုင်မှုအခြေအနေတေွကို ပုံမှန်စောင့်ကြည့်ပြီး ထူးခြားတဲ့ လက္ခဏာတေွရှိ၊ မရှိဆိုတာကို လေ့လာဆန်းစစ်ပေးနေဖို့ လိုအပ်ပါတယ်နော်။

မိခင်နဲ့ရင်သေွးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)