သူငယ်နာရောဂါ (သို့) ဘယ်ရီဘယ်ရီရောဂါ အမျိုးအစား သုံးမျိုးရှိပါတယ်။
၁။ နှလုံးထိခိုက်သော အမျိုးအစား
ကလေးငယ်ဟာ အကောင်းကြီးကနေရုတ်တရက် ပြာနှမ်းလာတတ်ပါတယ်။ မောပန်းနွမ်းနယ် နေပုံရှိပြီး နှလုံးခုန်နှုန်းက တစ်မိနစ်မှာ ၁၀၀ အထက် ရှိပါတယ်။ ချောင်းမဆိုးဘဲ အသက်ရှူခက်တာ၊ အသက်ကို ရိှုက်ရိှုက်ပြီး ရှူနေတာ၊ မျက်နှာမို့အမ်းလာတာ၊ အသည်းကြီးလာတာ၊ ဆီးသွားနည်း လာတာတေွ ဖြစ်တတ်ပါတယ်။
၂။ အသံထိခိုက်သော အမျိုးအစား
၂၄နာရီကနေ ၄၈နာရီအတွင်း မှာ အဆက်မပြတ်ငိုညည်းနေရင်းက တဖြည်းဖြည်း အသံ တိမ်ဝင်လာကာ နောက်ဆုံး အသံ လုံးဝပျောက်သွားပါတယ်။
၃။ဦးနေှာက်အမြေှးရောင်ရောဂါနဲ့တူတဲ့ အမျိုးအစား
ကလေးငယ်မှာ ဂနာမငြိမ်ဖြစ်ခြင်း၊ တက်ခြင်း၊သတိလစ်ခြင်း၊ မေ့မျောနေခြင်းတေွနဲ့တွဲပြီး တေွ့ရတတ်ပါတယ်။
Ref: မေ့ရင်သေွးမဂ္ဂဇင်း