
ကိုယ်ဝန်ဆောင်ချိန်ဟာ မေမေတို့အတွက်တော့ ထူးခြားတဲ့ အချိန်ကာလတစ်ခုပါ။ ဒီအချိန်မှာ မိခင်လောင်းတွေဟာ ခံစားချက်မျိုးစုံ ဖြစ်ပေါ်တတ်ပါတယ်။ ဒီအထဲကမှ တချို့အချက်တွေဟာ မေမေတို့အတွက် သဘောကျစရာဖြစ်ပြီး ကိုယ်ဝန်ဆောင်ချိန်ကို ပြန်ပြီး လွမ်းဆွတ်ကြတယ်လို့ ဆိုကြပါတယ်။
ကလေးရဲ့လှုပ်ရှားမှု
မိမိရဲ့ဝမ်းဗိုက်အတွင်း ရင်သွေးလောင်းလေးရဲ့လှုပ်ရှားမှုက မေမေတို့တို ထူးခြားတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်တာပါ။ ဝမ်းဗိုက်ထဲမှာ ကိုယ့်ကလေးက ကန်နေမယ်၊ ဒါမှမဟုတ် လှုပ်ရှားနေမယ်ဆိုရင် ဒါက သူတို့အနေနဲ့ အဆင်ပြေကြောင်း ပြသတာပါ။ ဒီအခါကျရင် မေမေတို့ဟာလည်း ထူးခြားတဲ့ ခံစားချက်တွေနဲ့ ကျေနပ်ပီတီဖြစ်တတ်ကြပါတယ်။ ကမ္ဘာပေါ်မှာ ဒီလိုခံစားနိုင်တာ သင်တစ်ယောက်တည်းလို့ မှတ်ယူလိုက်ပါ။
လူတွေရဲ့ ဆက်ဆံပုံ

ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ့်ကို အများတကာရဲ့ ဆက်ဆံပုံက ကွဲပြားနေတာကို သတိထားမိကြမှာပါ။ ဘတ်စ်ကားစီးတာ၊ လူကြပ်တဲ့ဈေးဆိုင်တွေမှာ ဈေးဝယ်ရတာ စသဖြင့် လူတွေက သင့်ကို အရာရာ ဦးစားပေးပါလိမ့်မယ်။ ဒါကလည်း မေမေတို့ ကိုယ်ဝန်ဆောင်ချိန်မှာ လွမ်းဆွတ်နေရမယ့် အရာတစ်ခုပါပဲ။
လွတ်လပ်စွာ ဝတ်ဆင်နိုင်ခြင်း
ကိုယ်ဝန်ဆောင်တဲ့ မေမေတစ်ယောက်ဟာ ကိုယ့်ရဲ့ဖက်ရှင်ဒီဇိုင်းလှဖို့ထက် သက်သောင့်သက်သာဖြစ်စေမယ့်အင်္ကျီတွေကိုပဲ ရွေးချယ်ဝတ်ဆင်ရတာပါ။ ဒါကြောင့် သင့်အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ ဘာဝတ်ရမလဲဆိုပြီး အတွေးများစေဘဲ လွတ်လပ်စွာ ဝတ်ဆင်နိုင်မှာပါ။
လွတ်လပ်မှု

ကိုယ်ဝန်ဆောင်ချိန်မှာ သင့်အနေနဲ့ လွတ်လပ်မှုကို အတိုင်းအတာတစ်ခုအထိ ခံစားရမှာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ အလုပ်မသွားရမှာဖြစ်တဲ့အတွက် သင့်အနေနဲ့ ဖတ်ချင်တဲ့စာအုပ်မျိုး၊ ဒါမှမဟုတ် လုပ်စားချင်တာတစ်ခုခုကို လုပ်စားနေလို့ ရပါတယ်။
ကလေးနဲ့ပတ်သက်ပြီး ခံစားချက်
တကယ်တော့ မေမေတို့ဟာ ကိုယ်ဝန်ဆောင်စဉ်ကတည်းက ဝမ်းဗိုက်ထဲမှာရှိနေတဲ့ မိမိရဲ့ ရင်သွေးလေးကို စောင့်ရှောက်နေရတာပါ။ ဒါကြောင့် ကလေးမွေးဖွားတဲ့အချိန်မှာ ကိုယ့်ရဲ့ရင်သွေးလေးကို ပထမဆုံး မြင်လိုက်ရတဲ့ ခံစားချက်က မေမေတို့အတွက်တော့ ဘာနဲ့မှ မလဲနိုင်တဲ့အရာပါ။