အဖတ်ကို မဝါးတတ်သေးဘဲ၊ အရည်သာ သောက်တတ်သေးတဲ့ အရွယ်မှာ ကလေးကို အဖတ်ကျေွးရင် အစာနင်ခြင်း၊ အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်းစတဲ့ အန္တရာယ်တေွ ကြုံတေွ့နိုင်ပါတယ်။ အဖတ်ကို ဝါးစားတတ်တဲ့ အရွယ်ရောက်တဲ့အခါမှာလည်း အရည်သက်သက်တိုက်မနေဘဲ ဝါးပြီးစားရတဲ့ အစာမျိုးကို ကျေွးဖို့လိုပါတယ်။ ရေကို ပန်းကန်ဖြင့်တိုက်မှ သောက်လိုတဲ့အရွယ်မှာ လူကြီးက ရေကိုပန်းကန်ဖြင့်မတိုက်ဘဲ ဇွန်းဖြင့်တိုက်နေရင်သော်လည်းကောင်း၊ ကိုယ်တိုင်ဇွန်းကို ကိုင်ပြီး စားလိုတဲ့အရွယ်မှာ ဇွန်းကိုကိုင်ခွင့်မပေးဘဲ လူကြီးက အစာကိုခွံ့ပေးနေရင်သော်လည်းကောင်း၊ ကလေးရဲ့ဖွံ့ဖြိုးမှုကို ဟန့်တားသလိုဖြစ်နေရုံမက ကလေးကို အစာမစားချင်အောင်လုပ်သလို ဖြစ်သွားနိုင်ပါတယ်။
ဒါကြောင့် ကလေးကို အစာကျေွးပုံကျေွးနည်းဟာ ကလေးရဲ့အသက်အရွယ်အလိုက် ဖွံ့ဖြိုးမှုနှင့် လိုက်လျောညီထေွှဖစ်ဖို့ လိုပါတယ်။ အရည်ကို ပန်းကန်ထဲထည့်ပြီး ပန်းကန်ကိုကိုင်ပြီး သောက်ချင်တဲ့ ကလေးကို လူကြီးက ဖေးမပြီး ကိုင်ခွင့်ပြုရပါမယ်။ တဖြည်းဖြည်းနှင့် လူကြီးရဲ့ဖေးမမှုမပါဘဲ ကိုယ်တိုင်သောက်တတ်လာပါလိမ့်မယ်။ အလားတူပဲ ဇွန်းကို ကိုင်တတ်လာတဲ့အရွယ်မှာ လူကြီးရဲ့ဖေးမမှုနှင့် ကိုင်ခွင့်ပြုရပါမယ်။ တဖြည်းဖြည်းနှင့် လူကြီးရဲ့ဖေးမမှုမပါဘဲ ကိုယ်တိုင်ဇွန်းဖြင့် စားတတ်လာပါလိမ့်မယ်။
မကွဲမရှနိုင်တဲ့ ဇွန်းပန်းကန်အမျိုးအစားများကို အသုံးပြုခြင်း၊ လူကြီးတစ်ယောက်က အနီးမှာ ဂရုတစိုက် စောင့်ကြည့်ခြင်းပြုလုပ်ဖို့တော့ လိုအပ်ပါတယ်။
Ref: ဒေါက်တာလှကြည်၏ ရင်သေွးငယ်အဟာဟာရ သန္ဓေသားမှစ စာအုပ်မှ ကောက်နုတ်ဖော်ပြသည်။