ဝဝကစ်ကစ် ကလေးတစ်ယောက်ကိုတေွ့ရင် လူတိုင်းက ချစ်ကြပါတယ်။ ဒါကြောင့် မိဘတိုင်းက ကိုယ့်ကလေးကို ဝစေချင်ပါတယ်။ ဒါပေမဲ့ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်ပိုပြီး များနေတဲ့ကလေးတေွ၊ အဝလွန်နေတဲ့ကလေးတေွဟာ အသက်ကြီးလာတဲ့အခါ ကျန်းမာရေးပြဿနာ အမျိုးမျိုးကြုံတေွ့ရတတ်ကြောင်း သိထားသင့်ပါတယ်။ ဝတိုင်းမကောင်းပါဘူးလို့ ပြောချင်တာပါ။ ကလေးဘဝမှာ အဝလွန်တဲ့ကလေးတေွဟာ အသက်ကြီးလာတဲ့အခါမှာလည်း အဝလွန်ပြီး ဆီးချိုရောဂေါ သေွးတိုးရောဂါနဲ့ နှလုံးရောဂါများရနိုင်တဲ့ အန္တရာယ်ရှိကြောင်း သိထားသင့်ပါတယ်။ ကလေးဟာ ဝဖို့မလိုပါဘူး။ ပုံမှန်ကြီးထွားဖွံ့ဖြိုးပြီး ကျန်းမာဖို့သာ အရေးကြီးကြောင်း နားလည်သင့်ပါတယ်။
Ref: ဒေါက်တာလှကြည်၏ ရင်သေွးငယ်အာဟာရ သန္ဓေသားမှစ စာအုပ်မှ ကောက်နုတ်ဖော်ပြသည်။