စျေး မီဒီယာ
အခြား

ရင်သေွးငယ်များခံစားရတတ်သည့် ဆုံဆို့နာရောဂါလက္ခဏာများ

Posted by Harry March 15, 2018
Jcckuycattjtox8enpwj

ဖေဖေ၊ မေမေတို့ရေ ရင်သေွးငယ်လေးတေွမှာ ဆုံဆို့နာရောဂါဝေဒနာခံစားနေရပြီဆိုရင်တော့ လည်ချောင်းနာတာ၊ စားသောက်ချင်စိတ်မရှိတာ၊ အဖျားအနည်းငယ်ရှိတဲ့လက္ခဏာတေွကို ခံစားရတတ်ပါတယ်။ ဆုံဆို့နာရောဂါနဲ့ပတ်သက်ပြီး မေမေတေွအားလုံး သတိပြုပေးရမှာကတော့ အာခေါင်မှာ ဖြူပြာရောင် (ဒါမှမဟုတ်) မီးခိုးရောင်အမေှးပါးတေွကိုလည်း တေွ့ရရှိတတ်ပါတယ်။ အဲ့ဒီအမေှးပါးကတော့ အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့တတ်လို့ မိသားစုတေွက ဂရုစိုက်ပေးသင့်ပါတယ်။ တကယ်လို့အသက်ရှူလမ်းကြောင်းမှာ ပိတ်ဆို့နေမယ်ဆိုရင်တော့ အစားမမြိုနိုင်တာ၊ အသက်မရှူနိုင်တာတေွှဖစ်ပေါ်တတ်ပြီး ရံဖန်ရံခါမှာ အသက်ရှူပိတ်ပြီး အသက်သေဆုံးတဲ့အထိ ဖြစ်ပေါ်နိုင်ပါတယ်။

Tfndh0i8nxvdoufubeqk

ဖေဖေ၊ မေမေတို့ရေ ဆုံဆို့နာရောဂါကြောင့်ဖြစ်တတ်တဲ့ အမေှးပါးတေွက နှလုံးနဲ့ အာရုံကြောကိုပျံ့နှံ့သွားမယ်ဆိုရင်လည်း အသက်ဆုံးရံှုးတဲ့အထိ ဖြစ်ပေါ်စေတတ်ပါတယ်။ အဲ့ဒါကြောင့်လည်း ရောဂါကိုကာကွယ်နိုင်ဖို့ ငါးမျိုးစပ်ကာကွယ်ဆေးကို ကလေးအသက် (၂) လ၊ (၄) လ၊ (၆) လအရွယ်တေွမှာ ထိုးပေးဖို့လိုအပ်ပါတယ်။ ဆုံဆို့နာရောဂါကို ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါဘီ၊ Hib ပါ၀င်တဲ့ ငါးမျိုးစပ်ကာကွယ်ဆေး (Pentavalent Vaccine) နဲ့ကာကွယ်ပေးနိုင်ပါတယ်။

Lsehq6xlsfgyunvtel0c

ဖေဖေ၊ မေမေတို့ရေ ဆုံဆို့နာရောဂါဟာ လေမှာသယ်ဆောင်တဲ့ ရောဂါပိုးပါ၀င်တဲ့ အမှုန်အမွှားတေွ အသက်ရှူလမ်းကြောင်းထဲကို ၀င်ရောက်ရာကတဆင့် ကူးစက်နိုင်တာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ဖေဖေ၊ မေမေတေွသာမကဘဲ မိသားစုတေွအားလုံးက ဘေဘီလေးတေွကို ရောဂါပိုးတေွကူးစက်မခံရဘဲ ကျန်းမာနေစေဖို့အတွက် ဂရုတစိုက်စောင့်ရေှာက်ပေးဖို့ လိုပါတယ်နော်။

မိခင်နဲ့ရင်သေွးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.