နို့ထွက်နည်းနေတယ်လို့ထင်သူ မိခင်တေွကို နို့ထွက် မနည်းကြောင်း ရှင်းလင်းပြောကြားခြင်း၊ အားပေးခြင်း ပြုလုပ်ရပါမယ်။ အခြားသူတစ်ယောက်ကပါ နို့ထွက်နည်းနေတာဖြစ်မှာပဲဟု ပြောလိုက်ရင်စိတ်ပျက်ပြီး နို့ထွက်တကယ်နည်းသွားနိုင်ပါတယ်။ အမှန်တကယ် နို့ထွက်နည်းနေသူတေွကိုတော့ လိုက်နာသင့်တာတေွ လိုက်နာဖို့ တိုက်တွန်းရပါမယ်။ (ဥပမာ - မကြာခဏ နို့တိုက်စေခြင်း၊ အချိန်ကြာကြာတိုက်စေခြင်း၊ နေ့ရောညပါ တိုက်စေခြင်း)၊ ရေှာင်ကြဉ်သင့်တာတေွကို ရေှာင်ကြဉ်ဖို့လည်း တားမြစ်ရပါမယ်။ (ဥပမာ - နို့ဘူးမတိုက်ဖို့၊ ၆ လမတိုင်မီ အဖတ်မကျေွးဖို့၊ ဆေးလိပ်မသောက်ဖို့၊ မသင့်လျော်တဲ့ သန္ဓေတားဆေးအစား သင့်လျော်တဲ့တားဆေးကို ပြောင်းသုံးဖို့)၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲစတဲ့ ကိုယ်အင်္ဂါ ချို့ယွင်းချက်ရှိနေတဲ့ ကလေးများ၊ နာမကျန်းတဲ့ကလေးများအတွက် ကျွမး်ကျင်သူများထံမှ သင့်လျော်တဲ့အကူအညီကို ရယူရပါမယ်။
Ref: ဒေါက်တာလှကြည်၏ ရင်သေွးငယ်အာဟာရ သန္ဓေသားမှစ စာအုပ်မှကောက်နုတ်ဖော်ပြသည်။