စျေး မီဒီယာ
မွေးပြီး တစ်နှစ်အတွင်း

နို့ထွက်နည်းနေပြီး ကလေးနို့မဝကြောင်း ဖော်ပြနေတဲ့ လက္ခဏာများ

Posted by Marlar January 29, 2019
Expyeyuheuojrbopmv4w

အမှန်တကယ်နို့ထွက်နည်းလို့ ကလေးနို့မဝတဲ့ အခြေအနေလည်း ရှိပါတယ်။ ဒါပေမဲ့ မိခင်တေွထင်နေသလောက် မများပါဘူး။ အောက်ပါတို့ဟာ နို့ထွက်နည်းနေကြောင်း၊ ကလေးနို့မဝကြောင်း သေချာတဲ့လက္ခဏာများဖြစ်ပါတယ်။

- ကလေးဟာ ကိုယ်အလေးချိန်မှန်မှန်မတိုးခြင်း (တစ်လအတွင်း ကီလိုတစ်ဝက်ခန့် ကိုယ်အလေးချိန် တက်မလာခြင်း)
- ဆီးသွားနည်းခြင်း (တစ်နေ့ခြောက်ကြိမ်ပြည့်အောင် ဆီးမသွားခြင်း၊ ဆီးပမာဏနည်းနည်းသာသွားခြင်း၊ ဆီးရဲ့အရောင်ဝါလွန်းခြင်း၊ အနံ့ပြင်းခြင်း)

အောက်ပါတို့ဟာ မိခင်နို့ထွက်နည်းနေတယ်၊ ကလေးနို့မဝဘူးဆိုတာ (မသေချာပေမယ့်) ပြောနိုင်တဲ့လက္ခဏာများ ဖြစ်ပါတယ်။

- ကလေးသည် နို့စို့ပြီးတိုင်း (နို့မဝသေးသကဲ့သို့) ငိုခြင်း၊
- နို့ ခဏခဏ တိုက်ရခြင်း၊ နို့စို့ချိန် ကြာလွန်းခြင်း၊
- နို့ မစို့ခြင်း၊
- မာပြီးခြောက်သေွ့တဲ့ ဝမ်းအစိမ်းရောင်သွားခြင်း၊
- နို့အုံကို ညှစ်ကြည့်လှျင် နို့ထွက်မလာခြင်း၊
- ကိုယ်ဝန်ရှိစဉ် နို့အုံကြီးမလာခြင်း၊
- မီးဖွားပြီး နို့အုံ ပြည့်တင်းမလာခြင်း တို့ဖြစ်ပါတယ်။

Ref: ဒေါက်တာလှကြည်၏ ရင်သေွးငယ်အာဟာရ သန္ဓေသားမှစ စာအုပ်မှ ကောက်နုတ်ဖော်ပြသည်။

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.