
ရိုးရိုးမွေးတဲ့မေမေတွေဟာ ကလေးမွေးပြီးပြီးချင်း ရက်နည်းနည်းလောက်ထိ သွေးဆင်းတာများပါတယ်။ဒါပေမယ့် ခွဲမွေးတဲ့မေမေတွေထက်
သွေးဆုံးရှုံးရတာပိုနည်းပါတယ်။
မွေးလာတဲ့ကလေးလေးတွေကို နာရီဝက်အတွင်း မိခင်နို့ တိုက်ကြရတာမို့လို့ ရိုးရိုးမွေးတဲ့မေမေတွေမှာ မိခင်နို့ အဆင်သင့်ဖြစ်နေကြပါတယ်။
မွေးကတည်းကနေစပြီး မိခင်နို့တိုက်ကျွေးတာဟာ ကလေးကို ကျန်းမာစေပါတယ်။
ရိုးရိုးမွေးတာရဲ့ အားသာချက်ကတော့ဆေးရုံတက်ရချိန်တိုတောင်းပြီး အနာကျက်မြန်ပါတယ်။ခွဲမွေးထားသလို သွေးထွက်လွန်ခြင်း ၊ ဗိုက်မှာ ခွဲကြောင်းအမာရွတ်ကျန်ခြင်း ၊မေ့ဆေးကြောင့်မေ့တတ်လာခြင်း၊ မေ့ဆေးထိုးတဲ့ နေရာမှာ အမြဲနာခြင်းတို့ကိုမခံစားရပဲ
ကိုယ့်ရဲ့ ကလေးကိုလဲ ကိုယ်တိုင်ချီနိုင်ပြီး တယုတယနို့တိုက်နိုင်ပါတယ်။
ရိုးရိုးမေွးတာကလဲ အားနည်းချက်တွေရှိပါတယ်။
မိန်းမကိုယ်ပတ်လည်က အရေပြားနဲ့တစ်ရှုးတွေ စုတ်ပြဲသွားနိုင်ပါတယ်။ပြန်ချုပ်ရတဲ့အခါ တင်ပဆုံကြွက်သား ဒဏ်ဖြစ်သွားနိုင်ပြီး ဆီး ၊၀မ်းထိန်းရခက်သွားနိုင်ပါတယ်။ဒါပေမယ့် ဒါတွေဟာ မိခင်တိုင်းလဲဖြစ်တာမဟုတ်ပါဘူးနော်။