ကလေးကို အသက် ၆ လမတိုင်မီ မိခင်နို့အပြင် နို့ဘူးတိုက်ခြင်း၊ ရေတိုက်ခြင်း၊ အစာကျေွးခြင်းတို့ပြုလုပ်ကြတဲ့ မိခင်အများစုရဲ့အကြောင်းပြချက်က မိမိရဲ့ကလေးဟာ နို့မဝဘူးလို့ ထင်ခြင်းဖြစ်ပါတယ်။ သာမန်မိခင်တိုင်းဟာ ကလေးတစ်ယောက်အတွက်သာမက နှစ်ယောက်အတွက်ပင် လုံလောက်အောင် နို့ထွက်နိုင်ပါတယ်။ ကလေးဟာလုံလောက်တဲ့ နို့ပမာဏကို ရရှိနေသည့်တိုင်အောင် အချို့သောမိခင်များဟာ ကလေးနို့မဝဘူးလို့ ထင်နေတတ်ကြပါတယ်။
ကလေးဟာ သေးစိုခြင်း၊ ပူအိုက်ခြင်း၊ အေးခြင်းစတဲ့ အကြောင်းအမျိုးမျိုးကြောင့် ငိုတတ်ပါတယ်။ ကလေးငိုတိုင်း နို့မဝလို့ပဲလို့ ထင်လှျင်မမှန်ပါဘူး။ ကလေးဟာ ကိုယ်အလေးချိန်မှန်မှန်တိုးနေလှျင် (တစ်လအတွင်းကီလိုတစ်ထက်ခန့် ကိုယ်အလေးချိန်တက်လာလှျင်) ဖြစ်စေ၊ ဆီးမှန်မှန်သွားနေလှျင်ဖြစ်စေ၊ နို့ဝတယ်လို့ သိနိုင်ပါတယ်။ တစ်နေ့ခြောက်ကြိမ်ထကမနည်း ဆီးသွားခြင်း၊ ဆီးပမာဏများများသွားခြင်း၊ ဆီးရဲ့အရောင် မဝါလွန်ခြင်း၊ အနံ့မပြင်းခြင်းတို့ကိုဆိုလိုပါတယ်။
အသက်ကြီးတဲ့မိခင်များ၊ ကလေးများတဲ့ မိခင်များဟာလည်း ကလေးကို နို့ဝအောင်တိုက်ကျေွးနိုင်ကြပါတယ်။ မိခင်ဟာ မီးယပ်ပြန်ပေါ်ခြင်း၊ ခင်ပွန်းသည်နှင့်ပြန်လည် ဆက်ဆံခြင်းတို့ကြောင့် နို့ထွက်နည်းသွားတယ်လို့ ထင်လှျင် မမှန်ပါဘူး။ မိခင်ဟာအလုပ်ပြန်ဝင်ရသည့်တိုင် အလုပ်လုပ်တဲ့မိခင်များ မိခင်နို့တိုက်ခြင်း ခေါင်းစဉ်အောက်မှာ ဖော်ပြထားတဲ့အတိုင်း လိုက်နာပါက ကလေးကို နို့ဝအောင် တိုက်နိုင်ပါတယ်။ ဗိုက်ခွဲမေွးရတဲ့ မိခင်တေွဟာ ကလေးကို နို့ဝအောင် တိုက်ကျေွးနိုင်ကြပါတယ်။ နို့မတိုက်ဖို့ ဟန့်ထားခြင်း စိုးရိမ်ပူပင်အောင် ပြောခြင်းတို့ကို မပြုလုပ်ဘဲ၊ နို့တိုက်ရန်အားပေးခြင်း၊ တိုက်နိုင်အောင် ကူညီခြင်းတို့ ပြုလုပ်ရပါမယ်။
Ref: ဒေါက်တာလှကြည်၏ ရင်သေွးငယ်အာဟာရ သန္ဓေသားမှစ စာအုပ်မှ ကောက်နုတ်ဖော်ပြသည်။