
သင့်အနေနဲ့ မီးဖွားတော့မယ်ဆိုရင် ဆေးရုံဆေးခန်းများမှာ အနည်းဆုံးရက်သတ္တပတ်နီးပါး သွားရောက်ရတော့မှာပါ။ ထိုသို့သွားရောက်ရာမှာ မဖြစ်မနေလိုအပ်သော ပစ္စည်းများကို တစ်ပါတည်း ယူဆောင်သွားနိုင်ဖို့ ကြိုတင်ဝယ်ယူထားဖို့ လိုအပ်ပါတယ်။
မွေးဖွားပြီးချိန်မှာ ဝတ်ဆင်ရန် ပေါ့ပေါ့ပါးပါး အိမ်နေရင်း ဝတ်စုံလေးတွေကိုလည်း ယူဆောင်လာသင့်ပါတယ်။ ရင်သွေးငယ်လေးကို မွေးဖွားပြီးချိန်မှာလည်း သင်ဟာ ၆ လ ဗိုက်လောက် ရှိနေကောင်းရှိနေနိုင်သေးတာကိုလည်း သတိပြုရမှာဖြစ်ပါတယ်။
အချိန်အကြာကြီးမီးဖွားပြီးနောက်မှာ မိခင်လောင်းအနေနဲ့ အလွန်ဆာလောင်နေမှာပါ။ ဒီ့အတွက် သစ်သီးများ ၊ သွားရည်စာများ စသည်တို့ကို အလုံအလောက် ဝယ်ယူထားသင့်ပါတယ်။ ဒါပေမယ့်သင်ဟာ ဗိုက်ခွဲမွေးသူဆိုရင်တော့ မီးဖွားပြီးနောက် ၈နာရီအတွင်း ဘာမှစားလို့မရပါဘူး။
မျက်လုံးအကာနှင့်ဂွမ်းများဟာ အခန်းတွင်းအလင်းရောင်စူးရှပြီး ဆူညံသံများမှ ကာကွယ်ပေးနိုင်တာကြောင့် ယူသွားရပါမယ်။ သင့်အတွက် သက်တောင့်သက်သာ အရှိဆုံးဖြစ်မယ့် ဘရာစီယာများကိုသာ ယူဆောင်သွားသင့်ပြီး အထူးသဖြင့် နို့တိုက်ရာတွင်အသုံးပြနိုင်သည့် nursing bra ကို ရွေးချယ်နိုင်ပါတယ်။
မီးဖွားပြီးနောက် စာရွက်စာတမ်းများသိမ်းဆည်းရန် ဖိုင်များ ၊ ဘောပင်တို့ပါရပါမယ်။ ရင်သွေးငယ်လေးအကြောင်း သိကောင်းစရာ စာအုပ်များ ၊ app များလည်း ထည့်သွင်းယူဆောင်လာနိုင်ပါတယ်။ နို့တိုက်ကျွေးရာမှာ အသုံးဝင်တဲ့ သူနာပြုခေါင်းအုံးဟာလည်း ကောင်းမွန်သောထောက်ပံ့မှုကိုပေးနိုင်ပါတယ်။
HYA (kyarlay)