
မေမေ၊ ဖေဖေတို့ရေ ၀မ်းပျက်၊ ၀မ်းလျှောနေတဲ့ ကလေးငယ်တွေကို မိမိတို့ရဲ့နေအိမ်မှာ သေချာပြုစုစောင့်ရှောက်ပေးမှလည်း ဘေဘီလေးတေွရဲ့ ဝေဒနာအမြန်ဆုံးသက်သာစေနိုင်မှာနော်။ အဲ့ဒါကြောင့် ၀မ်းပျက်၊ ၀မ်းေလျှာကလေးငယ်လေးတွေကို နေအိမ်မှာပြုစုနိုင်မယ့်နည်းလမ်းလေးတွေအတွက် မျှဝေပေးမယ်နော်။
မေမေတို့ရေ ၀မ်းပျက်၊ ၀မ်းလျှောနေတဲ့ ကလေးငယ်ကို သူသောက်နိုင်သလောက်လေး ဓာတ်ဆားရည်များများတိုက်ပေးပါ။ ၀မ်းသွားတဲ့အတွက် ခန္ဓာကိုယ်ကဓာတ်ဆားရည်တွေ လျော့နည်းသွားတာကြောင့် အချိန်မီပြန်ပြီး မဖြည့်တင်းနိုင်ဘူးဆိုရင် ကလေးငယ်ရဲ့ကိုယ်ခံအားပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်တတ်ပါတယ်နော်။ နောက်ပြီး ဖေဖေ၊ မေမေတွေသတိထားဖို့က ၀မ်းသွားတဲ့ကလေးငယ်တေွကို ၀မ်းပိတ်ဆေး၊ အအန်ပျောက်ဆေးတွေ လုံးဝ (လုံးဝ) မတိုက်မိပါစေနဲ့နော်။ စွပ်ပြုတ်၊ ဆန်ပြုတ်၊ မြူစွမ်ပြုတ်၊ ခေါက်ဆွဲပြုတ်၊ ရေကျက်အေးနဲ့ လတ်ဆတ်တဲ့သစ်သီးဖျော်ရည်တွေကိုတော့ တိုက်ကျေွးနိုင်ပါတယ်နော်။ မိခင်နို့တိုက်နေရတဲ့ ကလေးတွေဆိုရင်တော့ မိခင်နို့ကို အရင်ကထက်ပိိုပြီး တိုက်ပေးဖို့လိုပါတယ်။ ကလေးငယ်တေွကို ၀မ်းပျက်၊ ၀မ်းလျှောတဲ့အခါ အစားမကျွေးတာ၊ အစားလျှော့ကျွေးတာတွေကိုလည်း ရှောင်ရှားသင့်ပါတယ်မေမေတို့ရေ။ ၀မ်းရပ်သွားတယ်ဆိုရင်တောင် ပုံမှန်ထက်တစ်နပ်ပိုကျွေးတာကို တစ်ပတ်လောက်ဆက်ပြီး ကျွေးသင့်ပါတယ်နော်။
နောက်ပြီး ဇင့်ဆာလ်ဖိတ်ဆေးပြားကို ဘေဘီလေးတွေဝမ်းရပ်သွားရင်တောင် နောက်ထပ် ၁၀ ရက်ပြည့်တဲ့အထိ ဆက်ပြီးကျွေးသင့်ပါတယ်။ နောက်ပြီး ဖေဖေ၊ မေမေတွေသတိထားဖို့က ၀မ်းပျက်၊ ၀မ်းလျှောနေတဲ့ ကလေးငယ်တွေ အစားမစားနိုင်တာ (ဒါမှမဟုတ်) ရေမသောက်နိုင်တာ၊ ၀မ်းပိုသွားတာ၊ မကြာခဏအန်တာ၊ ရေအရမ်းငတ်လာတာမျိုးတွေ၊ ဖျားလာတာ၊ ၀မ်းအတွင်းငသွးပါလာတာမျိုးတွေကို တွေ့ရပြီဆိုရင်တော့ အချိန်ဆိုင်းမနေဘဲနဲ့ နီးစပ်ရာဆရာဝန်ဆီအမြန်သွားဖို့အတွက် သတိပြုပေးပါနော်။ ဖေဖေ၊ မေမေတေွအားလုံးက ကလေးငယ်ေတွကို အနီးကပ်သေချာစောင့်ရေှာက်ပြီး ထူးခြားမှုတစ်ခုခုတွေ့ရပြီဆိုတာနဲ့ အချိန်မီကုသပေးနိုင်ဖို့ လိုအပ်ပါတယ်နော်။
MiGi