Kyarlay.com

almost 2 years

ကလေးငယ်များနှင့် အသည်းရောင်အသားဝါ ဘီ ရောဂါ


Gxevn77j8hvumrf5jzkr

ဖေဖေ၊ မေမေတို့ရေ ကလေးငယ်လေးတွေနဲ့ အသည်းရောင်အသားဝါ ဘီ ရောဂါအခြေအနေနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ လက်စွဲစာအုပ်လေးထဲမှာ သိမှတ်သင့်တာလေးတွေကို ဖော်ပြထားပါတယ်။ အဲ့ဒီသိမှတ်သင့်တဲ့အချက်လေးတွေကို ကျားလေးရဲ့ ဖေဖေ မေမေတွေအားလုံးက သတိပြုမှတ်သားနိုင်ဖို့အတွက် မျှဝေပေးချင်ပါတယ်။ ဖေဖေ၊ မေမေတို့ရေ အသည်းရောင် အသားဝါ ဘီပိုးကူးစက်ခံရတဲ့ ကလေးငယ်တွေရဲ့ ၉၀ ရာခိုင်နှုန်းက နာတာရှည်ဖြစ်တတ်တဲ့အတွက် ကလေးငယ်တွေကို မွေးပြီးပြီးချင်းမှာ ကာကွယ်ဆေးကို စောစောစီးစီးထိုးနှံပေးဖို့ လိုအပ်ပါတယ်နော်။



I40hygrluof2dkl0kikn

အသည်းရောင်အသားဝါ ဘီရောဂါဖြစ်ပွားနေတဲ့ ကလေးငယ်က အားနည်းတာ၊ ၀မ်းဗိုက်မအီမသာဖြစ်တာ၊ အော့အန်တာ၊ ဗိုက်အောင့်တာ၊ မျက်စိနဲ့ အသားဝါတာစတဲ့လက္ခဏာတွေကို ခံစားရစေနိုင်ပါတယ်။ တကယ်လို့ အချိန်မီကာကွယ်ဆေးမထိုးလိုက်ရတဲ့အတွက် နာတာရှည်အသည်းရောဂါဖြစ်ပွားခဲ့ရင်တော့ ခြေထောက်တွေရောင်နေတာ၊ ၀မ်းဗိုက်ဖောင်းတာ၊ သွေးအန်တာ၊ သတိဖောက်ပြန်တာနဲ့ အမူအယာပြောင်းလဲတဲ့ ဝေဒနာလက္ခဏာတွေကို ခံစားရစေနိုင်ပါတယ်။ ဖေဖေ၊ မေမေတို့ရေ နာတာရှည် အသည်းရောင်အသားဝါဘီရောဂါပိုးဟာ အသည်းခြောက်ရောဂါ၊ အသည်းကင်ဆာရောဂါ၊ အသည်းပျက်စီးတာတွေနဲ့ အသက်သေဆုံးတဲ့အထိ ဖြစ်ပေါ်နိုင်ပါတယ်။ နောက်ပြီး အသားရောင်အသားဝါဘီပိုးက ကူးစက်မြန်၊ ကူးစက်လွယ်တဲ့အတွက် ကလေးငယ်တွေကို သေချာဂရုစိုက်ပြီး ရောဂါပိုးကူးစက်မခံရအောင် သတိပြုသင့်ပါတယ်နော်။


Hglfnmkdadmyq8yzfdye

ဒီလိုအန္တရာယ်ကြီးတဲ့အတွက်လည်း မိသားစုတွေက သားသားမီးမီးတွေကို အသည်းရောင် အသားဝါ ဘီကာကွယ်ဆေးကို ဂရုတစိုက်ထိုးပေးဖို့အတွက် လိုပါတယ်နော်။ မွေးကင်းစအချိန်မှာ အသည်းရောင်အသားဝါ ဘီကာကွယ်ဆေးကို တစ်မျိုးတည်းတစ်ကြိမ်ထိုးနှံပေးဖို့လိုပါတယ်။ အသားရောင်အသားဝါဘီရောဂါကို ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ Hib ပါဝင်တဲ့ ငါးမျိုးစပ်ကာကွယ်ဆေး Pentavalent vaccine နဲ့လည်း ကာကွယ်နိုင်ပါတယ်နော်။ ကလေးငယ်ရဲ့ အသက် (၂) လ၊ (၄) လနဲ့ (၆) လအရွယ်တွေမှာ ငါးမျိုးစပ်ကာကွယ်ဆေးကို ထိုးပေးထားဖို့လိုအပ်ပါတယ်နော်။ မိသားစုတွေအားလုံးက ရင်သွေးငယ်လေးတွေရဲ့ ကျန်းမာရေးအတွက် ဂရုစိုက်စောင့်ရှောက်ပေးနိုင်ပါစေနော်။

မိခင်နဲ့ရင်သွေးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)