ကိုယ်ဝန်သုံးလရှိပါပြီ။ ဆက်ဆံပြီးတဲ့အခါတိုင်း နာကျင်တယ်။ ပူပြီးဆီးသွားတဲ့အခါမှာ စပ်တယ်။ အိမ်ထောင်ကျပြီး တစ်နှစ်လောက်မှာတော့ ဘာမှမဖြစ်ခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ အရေပြားတေွပါးလာတယ်။ ဆက်ဆံတဲ့အခါတိုင်းမှာ မိန်းမကိုယ်က စုတ်ပြဲမှုတေွှဖစ်တယ်။ အခုကိုယ်ဝန်နဲ့လည်း အခုထိအရေပြားပါးပြီး ကျိန်းနေပြီး စုတ်ပြဲမှုတေွ ဖြစ်နေပါတယ်။ စိုးရိမ်ရလား ပျောက်ပါဦးမလားရှင်။
ဆက်ဆံပြီးတဲ့အခါတိုင်း နာကျင်တယ်။ ပူပြီးဆီးသွားတဲ့အခါမှာ စပ်တယ်ဆိုတော့ ဆက်ဆံတဲ့အခါမှာ သဘာဝအတိုင်းထွက်တဲ့ အရည် (သဘာဝချောဆီ) မထွက်တာ၊ အထွက်နည်းတာတေွကြောင့် ပွန်းပြီးစပ်တာပါ။ ဆက်ဆံတဲ့အခါ နာမှာကြောက်တဲ့စိတ်ရှိရင်၊ သဘာဝအတိုင်း ထွက်တဲ့အရည် မထွက်တတ်ပါဘူး။ မထွက်တော့နာ၊ နာတော့ကြောက်၊ ကြောက်စိတ်ကြောင့် အရည်မထွက်နဲ့ ပတ်ချာလည်နေတတ်ပါတယ်။ စိတ်ကိုပြင်ဖို့ လိုပါတယ်။ မရခင်စပ်ကြား ဆက်ဆံတဲ့အခါ KY Jelly ကိုသုံးပါ။
Ref: မေ့ရင်သေွးမဂ္ဂဇင်း