
မိခင်နို့တိုက်သူများအဖို့ မည်သည့်အနေအထားကို မဆို တိုက်နိုင်ပါသည်။ များသောအားဖြင့် မိခင်တို့သည် ထိုင်လျက်၊ အိပ်လျက်တိုက်လေ့ရှိပါသည်။ ရင်သေွးငယ်၏ အနေအထား မှန်ရန်အရေးကြီးပါသည်။ ရင်သေွးငယ်၏ တစ်ကိုယ်လုံးသည် မိခင်ဘက်သို့ လှည်၍ မိခင်နှင့်ရင်သေွးငယ်တို့ အရေပြားဖြင့် ထိထားပြီး နို့စို့နေနိုင်မှ မှန်ကန်သော အနေအထားဖြစ်သည့်အပြင် သားအမိ၏တွယ်တာမှု ချစ်ခင်မှု၊ သံယောဇဉ်ကြီးမှုကိုလည်း ဖြစ်ပေါ်စေပါသည်။ ရင်သေွးငယ်၏ ယုံကြည်မှုကိုလည်း ယူဆောင်ပေးရာရောက်ပါသည်။
သို့ဖြင့် မိခင်နို့ကို ငုံသောအခါ မိခင်နို့သီးခေါင်း သာမက နို့အုံအစိတ်အပိုင်းကို ငုံပြီးစို့မှ စည်းချက်ညီညီ စို့နိုင်ပါမည်။ နို့တိုက်ရာတွင် နှစ်နာရီခြား၊ သုံးနာရီခြားခြင်းဟူ၍ နာရီဖြင့် ခြားကာ မတိုက်ပဲ “ ကလေးဆာတိုင်း တိုက်ေကျွးရမည်။ နို့တိုက်ပြီးတိုင်းလည်း လေထုတ်ပေးရပါမည်။ ရင်သေွးငယ် နှစ်ခြိုက်စွာ အိပ်ပျော်စဉ် အတင်း နှုိး၍ နို့တိုက်ခြင်းကိုလည်း မပြုလုပ်ရပါဘူး။
ရင်သေွးငယ်သည် အသက်ငယ်လေလေ အိပ်ချိန်ပိုများလေလေ ဖြစ်ပါသည်။ မေွးကင်းစမှ အသက်(၂)လ၊ (၃)လ အထိတွင် တစ်နေ့လှျင် အနည်းဆုံး (၁၄) နာရီ အိပ်တတ်ကြပါသည်။ ညဖက်ပိုအိပ်တတ်သလို နေ့ဖက်ပိုအိပ်တတ်သူလည်း ရှိပါသည်။ မိခင်တစ်ယောက်အနေဖြင့် မိမိ၏ရင်သေွးငယ် အိပ်ချိန်တွင် လိုက်၍ အိပ်တတ်လှျင် အိပ်ရေးဝပေမည်။ သို့ဖြစ်၍ မိခင်တစ်ယောက်သည် ညဖက်အချိန်မည်မှျ နေ့ဖက်အချိန်တွင် မည်မှျ အိပ်ရမည်ကို ပုံသေသတ်မှတ်၍ မရနိုင်ဘဲ ရင်သေွးငယ်အိပ်ချိန် ပုံစံပေါ်တွင် မူတည်နေကြောင်း အသိပေးအပ်ပါသည်။
MiGi