စျေး မီဒီယာ
မွေးပြီး တစ်နှစ်အတွင်း

ကလေးခေါင်းထောင်နိုင်ဖို့ ဘယ်လိုကူညီပေးမလဲ

Posted by Kyaw Lin Han June 19, 2020
A8b824zyorhb794im1zn

ကလေးဟာ မွေးကင်းစမှနေ ရက်သတ္တပတ် ရှစ်ပတ်ထဲရောက်လာရင် ဝူးဝူးဝါးဝါး စကားစတင်ပြောတတ်လာပါတယ်။ မိခင်က သူ့စကားပြောရင် သူကလည်း ဝူးဝူးဝါးဝါးပြန်ပြောတတ်ပြီး သူကြိုက်တာတွေ့ရင် ပြုံးတတ်လာပါတယ်။ တခါတရံမှာ မိခင်စကားပြောတာကို ငြိမ်ပြီးတော့လည်း နားထောင်တတ်ပါသေးတယ်။ ကလေးရဲ့ခေါင်းဟာ အနည်းငယ်ထောင်လာနိုင်ပေမယ့် မေးတော့ မလွတ်သေးပါဘူး။

သုံးလအရွယ်ရောက်လာပြီဆိုရင် ကလေးဟာ (၃)ကနေ (၄)နာရီလောက်ခြားပြီး နို့စို့လေ့ရှိပါတယ်။ ပျမ်းမျှအားဖြင့် တနေ့ကို (၅) ကြိမ်ကနေ (၆)ကြိမ်အထိ နို့တိုက်ကျွေးရပါတယ်။ ကလေးတစ်ဦးနဲ့တစ်ဦး မတူနိုင်တဲ့အတွက် သူနို့စို့ချင်တယ်ဆိုရင်တော့ တိုက်ပေးရမှာပေါ့။ တချို့ကလေးတွေက ညဦးကနေအိပ်လိုက်တာ မနက်မိုးလင်းတဲ့အထိ နို့တိုက်စရာ မလိုပေမယ့် တချို့တွေကတော့ တရေးနိုးနို့တောင်းစို့ပြီးမှ ပြန်အိပ်တတ်ကြတာပါ။ သုံးလကနေ ခြောက်လအရွယ် ကလေးတွေဟာ ညဘက်မှာ တရှိန်ထိုးအိပ်နိုင်ဖို့ အချိန်ယူလေ့ကျင့်ရပါတယ်။

ခေါင်းနဲ့ လည်ပင်းက ကြွက်သားတွေဟာ ဒီအရွယ်မှာ ပိုသန်မာလာပြီဖြစ်တဲ့အတွက် သူဟာ မကြာခင် လှိမ့်ဖို့ကို သင်ယူတော့မှာပါ။ အခုတော့ အသံကြားရင် အသံလာရာဘက် လှည့်ကြည့်တတ်ပြီလေ။ သူ့ကိုကျောနဲ့ လှဲအိပ်ထားစေရင် မအိပ်တဲ့သူက ခေါင်းထောင်ထဖို့ ကြိုးစားလာမှာဖြစ်ပြီး မိနစ်အနည်းငယ်တော့ ခေါင်းထောင်နိုင်ပါတယ်။ လူကြီးပေါ်မှာ မှီပြီး ထိုင်နေစေရင် ခေါင်းကို မတ်မတ်လေး ထားနိုင်လာပြီပေါ့။ ကလေးတွေဟာ သူတို့တတ်လာတဲ့ အတတ်ဆန်းလေးတွေနဲ့ မိဘတွေ အံ့သြအောင် လုပ်ပြတတ်တဲ့အရွယ် ဖြစ်လာပြီလေ။ ကလေးဟာ ဘူးမှုတ်ရင်လည်း မှုတ်လာနိုင်ပြီပေါ့။ ဒါဟာ စကားပြောချင်လို့ဖြစ်တဲ့အတွက် သူစကားမြန်မြန်ပြောတတ်အောင်ဆိုရင် ကလေးကို တနေကုန် ဟိုဒီပြောပေး ၊ မြှူပေးလို့ သင်ပေးနိုင်ပါတယ်။

ကလေးတွေကို မှောက်ရက်အနေအထားနဲ့ ထားပေးတာက ကျောနောက်ဘက်နဲ့ လည်ပင်းကြွက်သား တွေကို သန်မာစေပြီး ခေါင်းထောင်နိုင်ဖို့ လွယ်ကူစေပါတယ်။

MiGi

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.