ကလေးထိန်းကျောင်းမှုနဲ့ပတ်သက်ပြီး ပြောချင်တာ တစ်ခုက အစဉ်အလာအရ ကလေးတေွဆိုရင် ရိုက်ဆုံးမတာတေွ ရှိတယ်လေ။ ကလေးတေွကို ရိုက်ဆုံးမတာတေွ။ ကလေးတေွကို ရိုက်ဆုံးမတော့ ကိုယ်ဒဏ်ရာပေါ့။ နင်က အသုံးကိုမကျဘူး။ နင်က လူလားမြောက်မယ့်ကောင် မဟုတ်ဘူး အစရှိသဖြင့် နိှမ်ချပြောတာမျိုးတေွက စိတ်ဒဏ်ရာဖြစ်စေတယ်။
အဲဒါတေွက အစဉ်အလာရ ရေှးလူကြီးတေွသုံးခဲ့လို့ သုံးတယ်ဆိုတာက ရေှးလူကြီးတေွသုံးတုန်းက ဦးနေှာက်သုတေသနတေွ့ရှိချက်မျိုးတေွ သူတို့ နားမလည်ခဲ့ဘူး။ အဲဒီလို ဖြစ်ရင် ဦးနေှာက်ရဲ့ ဘယ်လိုအပိုင်းတေွက အလုပ်မလုပ်တော့တာလဲဆိုတာမျိုးပေါ့။ ကြောက်အောင်ခြောက်တယ်ဆိုတာမျိုး။ ဒီ ဦးခေါင်းအပေါ်ပိုင်းမှာ ဦးနေှာက်ရဲ့ အစိတ်အပိုင်းတစ်ခုရှိတယ်။ အဲဒီလိုဖြစ်လာပြီဆိုရင် အဲဒီအပိုင်းက လှုပ်ရှားလာတယ်။ လှုပ်ရှားလာရင် သူ့ရဲ့တာဝန်ကဘာလဲဆိုရင် ကြားရတဲ့သတင်းတေွ၊ ထိတေွ့လို့ရတဲ့ သတင်းတေွ၊ မြင်တာတေွကို ဦးနေှာက်ရဲ့ ဒီထိပ်ပိုင်းကို ဆက်မပို့တော့ဘူး။ ဒီဘက် ဆက်ပို့တဲ့အခါမှသာလှျင် ဝေဖန်ပိုင်းခြားတာတို့၊ ဒါက ကောင်းတယ်။ ဒါက ဆိုးတယ်ဆိုတာကို ချင့်ချိန်နိုင်တဲ့ စွမ်းရည်တေွဟာ ဒီဘက်ကပဲ အလုပ်လုပ်တတ်တာ။ ဒီ ဦးခေါင်းထိပ်ပိုင်းက အလုပ်မလုပ်တော့ဘူး။ အဲဒီအပိုင်းကို ပိတ်လိုက်ပြီဆိုရင် စဉ်းစားချင့်ချိန်တာမျိုးတေွကို မလုပ်နိုင်တော့ဘူးလေ။ အဲဒါမျိုးကို မသိတဲ့အခါကျတော့ ခြိမ်းခြောက်တာပေါ့။ ဒါတေွကို ကောင်းစေချင်လို့ လုပ်နေတာပဲ။ ငါတို့ ငယ်ငယ်တုန်းကလည်း ဒီလိုလုပ်ခဲ့တာပဲလို့ ပြောကြမယ်။
ဆိုကြပါစို့.. အဲဒီလို လုပ်ခဲ့တဲ့အတွက်ကြောင့် ကောင်းတဲ့ကလေးနဲ့ မကောင်းတဲ့ ကလေးက ဘယ်ဟာများလဲ။ ပြန်စဉ်းစားကြရမယ်။ ကောင်းတဲ့ ကလေးလည်း ရှိတော့ ရှိတာပေါ့။ မကောင်းတာတေွ အများကြီးရှိမှန်း သိရဲ့သားနဲ့ မကောင်းတဲ့ရလဒ်ကို ရစေတဲ့နည်းကို အစဉ်အလာရ သုံးတဲ့နည်းအဖြစ် သုံးတယ်ဆိုတာမျိုးက သုံးသင့်သလား။ မသုံးသင့်သလားဆိုတာ မိဘတေွက ပြန်ပြီး ချင့်ချိန်ဖို့ လိုတာပေါ့။
Ref: မေ့ရင်သေွးမဂ္ဂဇင်း