
ကိုယ်ဝန်ဆောင်ကာလမှာ ဆံပင်ဆိုးခြင်းဟာ တစ်စုံတစ်ရာ အန္တရာယ် ဖြစ်စေနိုင်မှာမဟုတ်ဘူးလို့ မွေးရာပါ ကိုယ်လက်အင်္ဂါ ချို့ယွင်းခြင်းဆိုင်ရာ သတင်းအချက်အလက် ကျွမ်းကျင်အဖွဲ့ Organization of Teratology Information Specialists (OTIS) က ပြောကြားထားပါတယ်။
ဆံပင်ဆိုးဆေးမှာ ပါဝင်တဲ့ ဓာတုပစ္စည်းများဟာ ကိုယ်ဝန်ဆောင်မိခင်များကို အန္တရာယ်မဖြစ်စေနိုင်ပါဘူး။ အခြား ကိုယ်ဝန်ဆောင်သတ္တဝါတွေ အပေါ်မှာလည်းအန္တရာယ်မဖြစ်စေနိုင်ပါဘူး။ ဒါပေမယ့် ဆံပင်ဆိုးဆေးမှာပါဝင်တဲ့ အချို့သော ဓာတုဒြပ်ပစ္စည်းတွေဟာ ဝမ်းဗိုက်ထဲက ဖွံ့ဖြိုးဆဲ သန္ဓေသားအပေါ် အန္တရာယ်ဖြစ်နိုင်ချေ ရှိမရှိ ၊ လေ့လာဆဲ စုံစမ်းစစ်ဆေးဆဲ ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်စဉ် ဆံပင်ဆေးဆိုးမည်ဆိုပါက ကြိုတင်သတိထားကာကွယ်ရမည့် နည်းလမ်းများ
(၁) သန္ဓေသားရဲ့ ကိုယ်တွင်းအင်္ဂါဖွံဖြိုးတိုးတက်မှုရဲ့ အရေးပါသောအဆင့်များပြီးဆုံးချိန် ကိုယ်ဝန်ဒုတိယသုံးလပတ်ရောက်တဲ့အထိ ဆံပင်ဆေးဆိုးဖို့ စောင့်ပါ။
(၂) ဆံပင်ကို တစ်ခေါင်းလုံး ဆိုးခြင်းထက် နေရာကျဲကျဲဆိုးခြင်း ၊ ဟိုက်လိုက်ဖောက်ခြင်း ၊ တစ်နေရာသာ ဦးစားပေးဆိုးခြင်း စတဲ့ နည်းလမ်းများကို ရွေးချယ်ဖို့ စဉ်းစားပါ။
(၃) အမှန်တကယ် ဆံပင်ဆေးဆိုးတော့မယ်ဆိုရင် ဆိုးပေးမယ့်သူသည် ဆံပင်ဆိုးဆေးနှင့် အရေပြားထိတွေ့မှုမရှိစေရန် လက်အိတ်မဖြစ်မနေ ဝတ်ဆင်ပါ။
(၄) လေဝင်လေထွက်ကောင်းမွန်သည့် နေရာတွင် ပြုလုပ်ပါ။
(၅) ဆိုးဆေးကို လိုအပ်သည်ထက် ပိုအသုံးမပြုပါနှင့်။
(၆) ဆံပင်ဆေးဆိုးခြင်း ပြီးပါက ဦးရေပြားကို သေချာစွာ ဆေးကြောပါ။
HYA (kyarlay)