ပြန်စဉ်းစားကြည့်ရင် မိဘကော အဲဒီလိုလုပ်ရင် ကျေနပ်ပါ့မလား။ သူ့စိတ်ထဲမှာ ပျော်မလားပေါ့။ အလုပ်တစ်ခုကို လုပ်တယ်ဆိုတာက ပျော်တဲ့အလုပ်ကို လုပ်ရတာနဲ့ မပျော်ဘဲ အတင်းခိုင်းလို့ လုပ်ရတဲ့အလုပ်၊ ပြန်စဉ်းစားကြည့်ရင် မလုပ်ချင်ဘဲ အတင်းခိုင်းလို့လုပ်ရင် တကယ်ပင်ပန်းတာထက် ပိုပင်ပန်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ စိတ်က ပင်ပန်းထားတာကိုး။ အဲဒီလို မဟုတ်ဘဲ ဒီအလုပ်ကို ကိုယ်ဘာကိုယ် လုပ်ချင်လို့လုပ်နေတယ်ဆိုရင် ပင်ပန်းတာလောက်ကို မပင်ပန်းတော့ဘူး။ အဲဒါကြောင့် ကလေးတေွမှာလည်း-
1. ကလေးတေွရဲ့ ဝါသနာနဲ့ ကိုက်ညီဖို့ လိုတယ်။
2. အနားပေးဖို့ အချိန်လိုတယ်။
အနားချိန်က Physical ကော Mental ကော အတွက် လိုတယ်။ Physical က ကိုယ်ခန္ဓာ ညောင်းညာကိုက်ခဲမှုတေွကို အနားပေးရမယ်။ Mental ကျတော့ ပြန်ပြီး Reflective thinking လုပ်ဖို့ လိုတယ်။ ကိုယ်လုပ်ထားတာတစ်ခုက ဘယ်နေရာမှာ အားနည်းနေသလဲ။ ဘယ်နေရာမှာ ကောင်းနေသလဲ။ ဒါကို နောက်တစ်ခါ ဘယ်လိုလုပ်ရင် ပိုပြီး ကောင်းနိုင်သလဲဆိုတာ သူများကိုမေးနေတာမျိုးထက် ကိုယ်တိုင်ပြန်စဉ်းစားတဲ့အချိန်က နားနေတဲ့အချိန်မှာ လုပ်ရတာလေ။ နားတဲ့အချိန််ဟာ သက်သက်သာသာ အနားယူနေရင်း ကိုယ်လုပ်တဲ့လုပ်ငန်းလေးတေွကို သုံးသပ်တဲ့အလေ့အကျင့်လေးတေွကို ငယ်ငယ်ကတည်းက လေ့ကျင့်ပေးနိုင်ရင် အဲဒါ သိပ်ကောင်းတယ်။
Ref: မေ့ရင်သေွးမဂ္ဂဇင်း