လိင် နှင့် ပတ်သက်ပြီး ကူးစက်ရောဂါ ဖြစ်ခဲ့ဖူးသူတေွမှာ သားအိမ်နဲ့ သားဥပြွန်များယောင်ယမ်းပြီး ပျက်စီးခြင်းကြောင့် သားဥပြွန်ပိတ်သွားခြင်း၊ ကျဉ်းမြောင်းခြင်း၊ ပုံပန်းသဏ္ဍာန် ပျက်စီးခြင်း။ လှုပ်ရှားမှု မပြုနိုင်ခြင်းတေွ ဖြစ်တတ်ပါတယ်။ အဲဒါကြောင့် သန္ဓေသားဟာ ဥပြွန်အတွင်း ပိတ်မိနေပြီး တဖြည်းဖြည်းကြီးထွားလာတာကြောင့် ကျဉ်းမြောင်းပြီးသေးတဲ့ သားဥပြွန် ပေါက်ကွဲခြင်း ဖြစ်တတ်ပါတယ်။
· သားအိမ်နှင့် အနီးပတ်ဝန်းကျင်မှာ ခွဲစိတ်မှုများပြုခြင်း၊ ရောဂါပိုးဝင်ပြီး ပြည်တည်နာ ဖြစ်ခြင်းတို့ကြောင့် သားဥပြွန်များ တွန့်လိမ်ကောက်ကေွးပြီး အနာရွတ်များ ဖြစ်ခြင်း
· ဆေးလိပ်သောက်တဲ့ မိခင်မှာ သားကြောလှုပ်ရှားမှု လျော့နည်းခြင်း
· Endometriosis လို့ခေါ်တဲ့ မျိုးဥအိမ်မှာ သေွးကြောလုံးဖြစ်တဲ့ရောဂါကြောင့် မျိုးဥအိမ်နဲ့ သားဥပြွန်တို့ တွယ်ကပ်၊ ယှက်သွယ်ပြီး ပျက်စီးခြင်း
· အရင်က သားအိမ်ပြင်ပမှာ သန္ဓေတည်ဖူးခြင်း
· အထူးသဖြင့် အရပ်ထဲမှာ သားသမီးလိုချင်လို့ပဲဖြစ်ဖြစ်၊ မလိုချင်လို့ပဲဖြစ်ဖြစ် နှိပ်ခြင်းကြောင့် သားဥပြွန်များ ထိခိုက်ပျက်စီးခြင်း
· အခုခေတ် ခေတ်စားတဲ့ IVF ခေါ် ဖန်ပြွန် သန္ဓေသားပြုလုပ်ရာမှာ သန္ဓေသားကို သားအိမ်ထဲကို ထည့်ပေးသော အဆင့် Embryo Transfir တွင် သားအိမ်ကိုယ်ထည်မှ ကျော်လွန်ပြီး သားဥ ပြွန်ထဲ ရောက်သွားခြင်း
· မည်သည့် အကြောင်းပြချက်မှ မရှိခြင်း တို့ဖြစ်ပါတယ်။
Ref: မေ့ရင်သေွးမဂ္ဂဇငး်