သားဥပြွန်တစ်ဖက်ပိတ်နေတယ် ဆိုတော့ သားအိမ်နဲ့ ဥပြွန်မှာ ရောင်ရမ်းဖူူးတဲ့သဘောရှိပါတယ်။ တစ်ဖက်ကပွင့်နေသေးတဲ့အတွက် ရနိုင်ပါသေးတယ်။ ဥပြွန်အခြေအနေတေွ သေသေချာချာသိဖို့ ဗိုက်မှာ အပေါက်လေးဖောက်ပြီး Laparoscope ခေါ်တဲ့ မှန်ပြောင်းနဲ့ စစ်ဆေးဖို့လိုပါလိမ့်မယ်။ သားအိမ်ထဲကို Methylene Blue ဆေးရည်ထိုးသွင်းပြီး ဥပြွန်လမ်းကြောင်း ၂ဘက်လုံး ပွင့်မပွင့်ကို မှန်ပြောင်းကနေ ကြည့်နိုင်ပါတယ်။ အဲဒါလေး အရင်စစ်ကြည့်ပါ။ ဥပြွန်လမ်းကြောင်း ၂ဘက်လုံး ပိတ်နေလှျင် တော့ ဖန်ပြွန်သန္ဓေသားကို စဉ်းစားရပါလိမ့်မည်။
Ref: မေ့ရင်သေွးမဂ္ဂဇင်း