ဖေဖေ၊ မေမေတို့ရေ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်နိုင်စေဖို့အတွက် သားဆက်ခြားဖို့လည်း လိုအပ်ပါတယ်နော်။ မိသားစုဘဝပျော်ရွှင်စေဖို့၊ ချမ်းသာသုခနဲ့ပြည့်စုံစေဖို့အတွက် သားဆက်ခြားပေးဖို့လည်း လိုပါတယ်။ ကျားလေးရဲ့မိသားစုတေွအတွက် သားဆက်ခြားနည်းလမ်းလေးတေွဖော်ပြခဲ့ဖူးပေမယ့် အခုအခါမှာတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ဖော်ပြချက်ဖြစ်တဲ့ သားဆက်ခြားနည်းလမ်းအစုံကို စုစည်းဖော်ပြပေးလိုက်ပါတယ်နော်။
မေမေတို့အတွက် သိလိုသမှျကျန်းမာရေးဗဟုသုတေွဖတ်ဖို့ မေ့ရင်သေွးမဂ္ဂဇင်း မတ်လထုတ်လေးထွက်ရှိလာပါပြီနော် ..
မေမေတို့ရေ သားဆက်ခြားဖို့အတွက်ဆိုရင်တော့ နေ့စဉ်သောက်စားဆေး၊ သုံးလခံသားဆက်ခြားထိုးဆေး၊ ကွန်ဒုံး၊ သားအိမ်တွင်းထည့် သားဆက်ခြားပစ္စည်း၊ လက်မောင်းအရေပြားအောက်သွင်း သားဆက်ခြားပစ္စည်း စတဲ့နည်းလမ်းတေွနဲ့ သားဆက်ခြားနိုင်ပါတယ်။
မေမေတို့ရေ နေ့စဉ်သောက်စားဆေးကိုအသုံးပြုမယ်ဆိုရင်တော့ ..
- ရာသီသေွးစပေါ်တဲ့ရက်ကစပြီး (၅) ရက်အတွင်းသောက်ပေးရမှာပါ။ အဲ့ဒီစားဆေးကိုတော့ ကလေး (၆) လအောက် နို့တိုက်မိိခင်တေွ၊ ရင်သားအဖုအကျိတ်ရှိသူတေွ၊ နှလုံး၊ သေွးတိုး၊ ဆီးချို၊ ကျောက်ကပ်ရောဂါရှိသူတေွသောက်သုံးဖို့မသင့်ပါဘူးနော်။
မေမေတို့ရေ သုံးလခံသားဆက်ခြားထိုးဆေးကို အသုံးပြုမယ်ဆိုရင်တော့ ...
- ရာသီသေွးစပေါ်တဲ့ရက်ကစပြီး (၅) ရက်အတွင်း ထိုးနိုင်ပါတယ်နော်။ ကလေးမေွးဖွားပြီး (၄၂) ရက်အတွင်း ဆေးထိုးနိုင်ပါတယ်။ ပထမဆေးထိုးပြီး သုံးလအကြာမှာ နောက်တစ်လုံးထပ်ထိုးဖို့လိုအပ်ပါတယ်။ အဲ့ဒီဆေးကိုတော့ အရမ်းဝတဲ့သူတေွ၊ အသည်းရောင်အသားဝါရောဂါပိုးရှိသူတေွ၊ ရင်သားကင်ဆာ၊ အခြားကင်ဆာရောဂါပိုးရှိသူတေွ ထိုးဖို့မသင့်ပါဘူးနော်။
ဖေဖေ၊ မေမေတို့ရေ နောက်ထပ်နည်းလမ်းတစ်ခုဖြစ်တဲ့ ကွန်ဒုံးအသုံးပြုတဲ့နည်းလမ်းကတော့ အချိန်တေွရေှာင်ရှားဖို့မလိုတဲ့အပြင် အခြားရောဂါကူးစက်နိုင်မှုတေွကိုလည်း ကာကွယ်နိုင်ပါတယ်နော်။
မေမေတို့ရေ သားအိမ်တွင်းထည့် သားဆက်ခြားပစ္စည်းကို အသုံးပြုမယ်ဆိုရင်တော့ ..
- ရာသီသေွးစပေါ်နေချိန် (ဒါမှမဟုတ်) ပေါ်ပြီးတဲ့အချိန်၊ မီးဖွားပြီး (၄) ပတ်ကျော်၊ သားလေှျာပြီး (၄) ပတ်ကျော်ချိန်မှာ ထည့်သွင်းနိုင်ပါတယ်နော်။ ကိုယ်ဝန်မရှိကြောင်းသေချာနေတယ်ဆိုရင်တော့ ဘယ်အချိန်မှာမဆို ထည့်သွင်းနိုင်ပါတယ်။ အဲ့ဒီနည်းလမ်းကတော့ နို့တိုက်မိခင်တေွ၊ အနည်းဆုံးတစ်ကြိမ်ရိုးရိုးမေွးဖွားပြီးသူတေွ၊ စားဆေး၊ ထိုးဆေးတေွနဲ့မတည့်တဲ့သားဆက်ခြားလိုသူတေွအတွက် သင့်တော်ပါတယ်။
မေမေတို့ရေ နောက်ထပ်နည်းလမ်းသတစ်ခုဖြစ်တဲ့ လက်မောင်းအရေပြားအောက်သွင်း သားဆက်ခြားပစ္စည်းကတော့ ..
- ရာသီသေွးပေါ်နေချိန် (ဒါမှမဟုတ်) ပေါ်ပြီးစအချိန်၊ ကလေးမေွးဖွားပြီး (၄) ပတ်အကြာမှာ ထည့်သွင်းနိုင်ပါတယ်။ ကိုယ်ဝန်မရှိကြောင်းသေချာတဲ့အမျိုးသမီးတိုင်းက အသက်အရွယ်မရေွးထည့်သွင်းနိုင်တာပဲဖြစ်ပါတယ်။
သားဆက်ခြားနည်းလမး်လေးတေွနဲ့အတူ ကျားလေးရဲ့ မိသားစုတေွအားလုံး ပျော်ရွှင်ကျန်းမာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေနော်။
ref; HM (ကျားလေး)