ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ လမ်းညွှန်ချက်အရဆိုရင် ကလေးပျက်ပြီး ၆လ ခြားသင့်ပါတယ်။ အသက် ၃၅ နှစ်ကျော်တဲ့သူတေွအတွက်ကတော့ စောစောပြန်ယူလေ ကောင်းလေပါပဲ။ အသက်ကြီးလာတာနဲ့အမှျ ကလေးချို့တဲ့နိုင်ဖို့များလို့ပါ။ ကလေး ပြန်ယူမယ်ဆို ရင် Folic acid တစ်နေ့ တစ်လုံး ကြိုသောက်ထားဖို့လိုပါမယ်။ ဆီးချို၊ သေွးတိုးစတဲ့ ရောဂါအခံရှိရင် သေသေချာချာ ထိန်းထားပြီးဆရာဝန်နဲ့ တိုင်ပင်ပြီးမှယူပါ။ လနုစဉ်မှာလည်း နေထိုင်ကောင်းအောင်နေပါ။ Folic acid နှင့် အအန်ပျောက်ဆေးမှလွဲပြီး ဆေးသောက်မယ်ဆို ဆရာဝန်နှင့်တိုင်ပင်ပြီး ကိုယ်ဝန်ရှိကြောင်း ပြောပြထားပါ။ ကလေးကို မထိခိုက်စေသောဆေးတေွ ရေွးနိုင်အောင်ပါ။ ကိုယ်ဝန်နုစဉ် ဝမ်းနှုတ်ဆေး မသောက်ရပါ။ ဝမ်းမပျက်စေရပါ။ ဝမ်းပျက်ရင် ကလေးပါ ပျက်တတ်ပါတယ်။ သန့်ရှင်းပူနေွး လတ်ဆတ်သော အစာများစားပါ။ ပြီးတော့ အဖြူဆင်းတာက အဖြူဆင်းပြီးနံတာ ၂ မျိုးဖြစ်နိုင်ပါတယ်။ တစ်မျိုးကယားတာနဲ့တွဲပြီး တစ်မျိုးက ယားတာနဲ့မတွဲပါ။ ၂မျိုးစလုံး ဆေးကုဖို့လိုပါတယ်။ ဒီထက်ဆိုးတာကတော့ သားအိမ်ခေါင်းမှာ အသားပို သို့မဟုတ် ရောင်နေတာ၊ အနာ စတာတေွရှိရင်လည်း အနံ့ဆိုးတဲ့အဖြူတေွ ဆင်းတတ်ပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပါ။
Ref: မေ့ရင်သေွးမဂ္ဂဇင်း