ဟုတ်ကဲ့။ အမိဝမ်းထဲရှိ ကလေးကြို့ထိုးခြင်းသည် လုံးဝပုံမှန်ပါပဲ။ ကိုယ်ဝန်ဆောင်အမျိုးသမီးများစွာက ထိုအရာကိုခံစားရပြီး ကလေးကြို့ထိုးမှုကို ultrasound မှာပါတွေ့နိုင်ပါတယ်။ ကလေးငယ်ေလးဟာ ကိုယ်၀န်ပထမသုံးလပတ်နှောင်းပိုင်း သို့မဟုတ် ဒုတိယသုံးလဆန်းပိုင်းမှာ ကြို့ထိုးခြင်းစတင်ခဲ့နိုင်ပါတယ်။
အမိဝမ်းအတွင်းရှိ ကလေးငယ်များက လှုပ်ရှားမှုအနည်းငယ်သာရှိတဲ့အတွက် အစပိုင်းတွင် ကလေးကန်တာနဲ့ ခွဲခြားရန်ခဲယဉ်းနိုင်ပါတယ်။ အချို့အမျိုးသမီးများကတော့ ၄င်းတို့ကလေးတွင် တစ်နေ့လျှင်အကြိမ်များစွာ လှုပ်ရှားမှုရှိကြောင်း သတိထားမိတတ်ပြီး အချို့မှာတော့ တစ်ခါတစ်ရံသာ သတိပြုမိတတ်ကြပါတယ်။
လူတော်တော်များကတော့ ကလေးငယ်လေး အမိဝမ်းဗိုက်အတွင်း ဘာလို့ကြို့ထိုးတယ်မသိကြပါဘူး။ လေ့လာချက်တစ်ခုမှာတော့ ကလေးငယ်များရဲ့ amniotic အိတ်အတွင်း ရေများ လှည့်လည်နိုင်စေရန်လို့ ယူဆကြပါတယ်။ စဉ်းစားတွေးခေါ်မှုတစ်ခုအနေဖြင့် amniotic အရည်များစုပုံထားခြင်းကြောင့် ကလေးငယ်များကြို့ထိုးခြင်း ဖြစ်စေပြီး ပိုလျှံသောအရည် ကိုမျိုချခြင်းဖြစ်စေတယ်လို့ သတ်မှတ်ကြပါတယ်။မွေးကင်းစကလေးငယ်များသည်လည်းကြို့ထိုးခြင်းဖြစ်တတ်ပါတယ်။ ထို့ကြောင့်သင်၏ ကလေးငယ်ေလးကြို့ထိုးခြင်း ရံဖန်ရံခါဖြစ်လျှင် အံ့သြစရာမဟုတ်ပါဘူး။
MiGi