ဗိုက်မနာမီ ရေမွှာပေါက်ရင် ရေလိုအရည်တေွဆင်းတတ်ပါတယ်။ ရေဆင်းတယ်လို့ခေါ်သလို အချို့ဒေသတေွက ရေပေါင်တယ်လို့လည်း ခေါ်ကြပါတယ်။ “ညနေဘက် ရေချိုးရင် ရေဆင်းတတ် တယ်” ဆိုတဲ့အယူအဆဟာ ယနေ့အထိ ရှိနေသေးပါတယ်။ အချိန်မတန်သေးဘဲ ရေမွှာပေါက်ရတဲ့ အကြောင်းတေွရှိပါတယ်။ မေမေရေချိုးတာနဲ့တော့ ဘယ်လိုမှ မပါတ်သက်ပါဘူး။ ကိုယ်ဝန်ဆောင် မေမေ တေွဟာ သာမာန်သူတေွထက်ပိုပြီး ပူအိုက်တတ်ပါတယ်။ ချေွးထွက်တတ်ပါတယ်။ ရေမချိုးရရင် ဘယ်လောက်နေရခက်မလဲ။ မေမေရေချိုးတာနဲ့တော့ ရင်သေွးလေးတို့နေတဲ့ ရေအိတ် မပေါက်ပါဘူး။ များသောအားဖြင့် မိန်မကိုယ်လမ်းကြောင်းမှာ ပိုးဝင်ရာက ရေမွှာအိတ် ထိခိုက်ပြီး ပေါက်ရတာပါ။ ပုံမှန်အားဖြင့် ကိုယ်ဝန်ဆောင်ချိန်မှာ အဖြူဆင်းတာများတတ်ပေမယ့် အနံ့အသက်ဆိုးခြင်း၊ ယားယံခြင်း၊ ဆီးကျင်ခြင်း၊ ကိုက်ခဲခြင်းတို့မရှိပါဘူး။ ပိုးဝင်ရင်တော့ အဲဒီလက္ခဏာတေွရှိတတ်ပါတယ်။ ထိထိရောက်ရောက်ကုမှုခံယူရင် ရေမွှာစောပေါက်တတ်ပါတယ်။
Ref: မေ့ရင်သေွးမဂ္ဂဇင်း