မေမေတို့ ကိုယ်ဝန်ဆောင်မိခင်တေွ ရင်သေွးငယ်လေးတေွကို မေွးဖွားပြီး အခုဖော်ပြပေးမယ့် အန္တရာယ်လက္ခဏာအခြေအနေအတေွ ကြုံတေွ့လာရမယ်ဆိုရင်တော့ ဆေးရုံ၊ ဆေးခန်းတေွ၊ ကျန်းမာရေးဌာနတေွကို အချိန်မဆွဲဘဲ အမြန်ဆုံးပြသဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနက နှုိးဆော် တိုက်တွန်းထားပါတယ်။ ကျားလေးရဲ့ မေမေတေွအားလုံးလည်း သိရှိနိုင်စေဖို့အတွက် ဖတ်ရှုထားပါဦးနော်။
မေမေတို့ရေ ကလေးမေွးဖွားပြီးချိန် မီးတွင်းထဲမှာ ...
- သေွးဆင်းများရင်
- ခေါင်းအရမ်းကိုက်ပြီး အမြင်မှုန်ဝါးနေရင်
- တက်ရင်
- အသက်ရှူမြန်ရင် (ဒါမှမဟုတ်) အသက်ရှူရခက်ခဲရင်
- ဖျားပြီး အိပ်ရာကမထနိုင်လောက်အောင် အားနည်းနေရင် နီးစပ်ရာဆေးရုံ၊ ဆေးခန်း၊ ဆေးပေးခန်းတေွကို အမြန်ဆုံးသွားရောက်ပြီး ပြသပေးဖို့လိုအပ်ပါတယ်နော်။
မိခင်နဲ့ရင်သေွးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)