
ရင်သွေးငယ်လေးကို မွေးဖွားပြီးချိန်မှာတော့ ဖေဖေမေမေတို့က ကလေးငယ်လေးကို ရေချိုးပေးချင်တတ်ကြပါတယ်။အစဦးပိုင်းမှာတော့ ကလေးငယ်လေးကို ရေချိုးပေးနိုင်ရန် ချက်ကြွေရန်စောင့်ဖို့လိုအပ်ပါတယ်။ များသောအားဖြင့်တော့ မွေးပြီး ၁၄ ရက်အကြာမှာ ဖြစ်တတ်ပါတယ်။
အဲတာပြီးရင်တော့ ရေစချိုးပေးလို့ရပါပြီ ရေအေးအေးကိုပဲချိုးပေးလည်း အဆင်ပြေပါတယ်။ ဆပ်ပြာအသုံးပြုမယ်ဆိုရင်တော့ ကလေးအတွက် ထုတ်လုပ်ထားသော နူးညံ့သည့် ဆပ်ပြာကို အသုံးပြုရန်လိုအပ်ပါတယ်။
တစ်ပတ်မှာ နှစ်ကြိမ်မှ သုံးကြိမ် ရေချိုးပေးခြင်းက လုံလောက်ပါတယ်။ ကလေးငယ်လေးက ရေချိုးတာကို နှစ်သက်ရင်တော့ တစ်ကြိမ်လောက် ပိုချိုးပေးနိုင်ပါတယ်။ ကလေးငယ်လေးဟာ လူကြီးများကဲ့သို့ ချွေးထွက်ခြင်း၊ မရှိတဲ့အတွက် တွားသွားတဲ့ အရွယ်ရောက်မှသာ အနည်းငယ် ညစ်ညမ်းခြင်းများဖြစ်နိုင်ပါတယ်။
MiGi