
ဗိုက်ကြောပြတ်ရာများဟာ ကိုယ်ဝန်ဆောင်မိခင်များရဲ့ အမှတ်အသားတစ်ခုဖြစ်ပေမယ့် ၎င်းတို့ကို ပျောက်ကင်းသက်သာအောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းများ ရှိနေပါတယ်။
ဝမ်းဗိုက်အရေပြား ခြောက်သွေ့ခြင်းနဲ့ ယားယံမှုကို သက်သာစေရန် အစိုဓာတ်လိမ်းခရင်မ်များ (moisturizer) ကို နေ့စဉ် အသုံးပြုနိုင်ပါတယ်။ အခြား ဗိုက်ကြောပြတ်ရာပျောက်စေတဲ့ လိမ်းဆေးများကတော့ သေချာပေါက်ပျောက်ကင်းမယ်လို့ အာမမခံပါဘူး။
အသားအရေအားဖြည့်ဖို့ အာဟာရရှိတဲ့ စားသုံးမှုပုံစံကို လိုက်နာဖို့ လိုပါတယ်။ ဗီတာမင်စီကြွယ်ဝသော အစားအစာများ စားသုံးခြင်းဟာ အသားအရေကို တင်းတင်းရင်းရင်း ဖြစ်စေသည့်အပြင် အကြောပြတ်ရာများ ၊ အမာရွတ်တို့ကို လျော့ပါးစေပါတယ်။
ကိုယ်အလေးချိန်ကို ဂရုတစိုက်စောင့်ကြည့်ပါ။ ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန် သေချာပေါက်များလာမှာဖြစ်ပေမယ့် သာမန်မဟုတ်တဲ့ ဝိတ်တက်ခြင်းမျိုး မဖြစ်အောင် အစားအစာစားသုံးမှုကို ချင့်ချိန်ပါ။ တတ်နိုင်ပါက ကယ်လိုရီတွက်ပြီး စားသုံးရန် အကြံပြုလိုပါတယ်။
စောင့်ကြည့်ပါ။ မီးဖွားပြီးတဲ့မှာ လေဆာကုထုံးကဲ့သို့သော ကုထုံးများဖြင့် ဗိုက်ကြောပြတ်ရာများ ပျောက်ကင်းအောင် ပြုလုပ်နိုင်ပါတယ်။
HYA (kyarlay)