ကာကွယ်ဆေး ထိုးမယ်ဆိုရင်တော့ ဗိုင်းရပ်ပိုးတေွက တစ်နှစ်တစ်ခါ Mutation နဲ့ပြောင်းတယ် ဆိုတော့ ဒီနှစ်ကို တုပ်ကေွးကာကွယ်ဆေး ထိုးမယ်ဆိုရင် နောက်နှစ်မှာနောက် strains တစ်ခုပြောင်း သွားခဲ့မယ်ဆိုရင် ကိုယ့်ကိုမကာကွယ်ဘူးပေါ့။ နောက်နှစ်ကျတော့ နောက်ဆေးပြောင်းထိုးရတာပေါ့။
ကိုယ်ဝန်နဲ့ကျတော့ ကျွန်မတို့ ဒီဆေးထိုးဖို့ မထိုးဖို့က ပြဿနာပေါ့။ များသောအားဖြင့် ဗိုင်းရပ်စ်နဲ့ ပက်သတ်တဲ့ဟာမျိုးတေွကို အင်္ဂါတေွအကုန်လုံးစုံမှ ရ လ ကျော်မှာပဲ ထိုးချင်တာပေါ့။
အခုမှ ကိုယ်ဝန်ရှိ စ ၂ ပတ်မှာ တုပ်ကေွးက ဖြစ်မလား မဖြစ်မလား မသိသေးဘဲနဲ့ တုပ်ကေွးကာကွယ်ဆေးကို မေးခိုင်ရောဂါ ကာကွယ်ဆေးထိုးသလို ထိုးထည့်လိုက်ဖို့ကတော့ ကျွန်မကိုယ်ပိုင်အမြင်အရတော့ အားမပေးချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဗိုင်းရပ်ဖြစ်နေလို့ပေါ့။ ဗိုင်းရပ်စ်ရောဂါဖြစ်နေတဲ့အတွက် တစ်ခုခု ဖြစ်မှာ စိုးတယ်ပေါ့။
Ref: မေ့ရင်သေွးမဂ္ဂဇင်း (ပါမောက္ခ ဒေါက်တာခင်သိန်းဦးနှင့် အင်တာဗျူးမှ ကောက်နုတ်ဖော်ပြသည်)