
ရင်သွေးငယ်များ ထိုင်တတ်တဲ့အရွယ်ဟာ ကလေးတစ်ယောက်နှင့်တစ်ယောက် မတူညီကြပေမယ့် များသောအားဖြင့် ၃လသားနဲ့ ၅လသားအရွယ်အတွင်းမှာ စထိုင်လေ့ ရှိကြပါတယ်။
စထိုင်ကာစမှာ မိဘများရဲ့ အကူအညီ သို့မဟုတ် ကလေးထိုင်ခုံတို့ရဲ့ အထောက်အပံ့များဖြင့်သာ ထိုင်နိုင်မှာ ဖြစ်ပါတယ်။
အသက်၆လ ရောက်ပြီဆိုရင်တော့ မည်သည့်အကူအညီမှ မပါဘဲ ထိုင်ဖို့ရာ ရင်သွေးငယ်ရဲ့ လည်ပင်း ၊ ခန္ဓာကိုယ်နှင့် နောက်ကျော်ကြွက်သားများ ဖွံ့ဖြိုးလာပါပြီ။
၇လသားအရွယ်မှာတော့ ရင်သွေးငယ်လေးကိုယ်တိုင် ထိုင်နိုင်ဖို့ အစာအိမ်အတွင်းအခြေအနေများပါ ပြည့်စုံနေပြီဖြစ်ပမယ့် ကလေးအများစုကို ၁၁လသားအရွယ်အထိ ထိုင်တဲ့နေရာမှာ ကြပ်မတ်ပေးဖို့ လိုအပ်ပါတယ်။
၇လသားအရွယ်မှာ မထိုင်နိုင်သေးပါက ဆရာဝန်နှင့် သွားရောက်ပြသသင့်ပါပြီ။
HYA (kyarlay)