
အလုပ်ကို ဘယ်လိုမှ ပျက်လို့မရတဲ့ နို့တိုက်မိခင်တွေဟာ မိမိရဲ့ ရင်သွေးငယ်လေး နို့ချိုသောက်သုံးနိုင်ဖို့အတွက် အခက်အခဲတွေ ကြုံတွေ့လာပါတယ်။ အထူးသဖြင့် ကုမ္ပဏီဝန်ထမ်းတွေမှာ တွေ့ရပါတယ်။ ဒီအတွက် နို့တိုက်မိခင်တွေဟာ နို့ညှစ်ခြင်းကို အသုံးပြုကြပါတယ်။ အခုခေတ်မှာ နို့ညှစ်ဖို့အတွက် pump အမျိုးအစား အများအပြား ပေါ်လာတာကြောင့် မိခင်တွေအတွက် အလုပ်ကို စွန့်လွှတ်ဖို့ မလိုတော့ပါဘူး။
နို့ညှစ်ပြီးတာနဲ့ ရေခဲသေတ္တာထဲမှာ သိမ်းထား ၊ အလုပ်သွားခါနီး အမေနို့ကို တစ်ခါတိုက်သွား ၊ အလုပ်ရောက်သွားချိန်မှာ ကျန်နေခဲ့တဲ့ အိမ်သားတွေက ညှစ်ပြီးသိမ်းထားခဲ့တဲ့ နို့တွေကို တိုက်ပေးခြင်းက တော်တော်လေးအလုပ်ဖြစ်နေပါတယ်။ ဒီနေရာမှာ သတိထားစရာ အချက်လေးတွေလည်း ရှိနေပြန်ပါတယ်။ နို့ကို ညှစ်တဲ့အခါမှာ နို့ကိုခွက်လေးတွေထဲထည့်လို့ရတယ်။ ဘူးလေးတွေနဲ့လည်း ထည့်လို့ရတယ်။
ခွက်နဲ့ထည့်တဲ့နေရမှာ ကြွေခွက်ကိုအသုံးပြုဖို့ အကြံပေးလိုပါတယ်။ တိုက်ခဲ့အခါမှာ ညှစ်ပြီးသားနို့တွေကို အပူမပေးစေချင်ဘူး။ အပူပေးစရာလည်း မလိုဘူး။ ဒီအတိုင်းလေးပဲ ထုတ်ပြီး စနစ်တကျ တိုက်ပေးရုံပါပဲ။ တစ်ချို့မိခင်တွေက နို့အရမ်းများတဲ့အတွက် လုံလောက်တယ်လို့ပြောလို့ရပေမယ့်လည်း တစ်ချို့ မလုံလောက်တဲ့အခါမျိုးမှာ ဖော်မြူလာလေးတွေ ဖြည့်ရတာမျိုး ရှိပါတယ်။
မိခင် အလုပ်ကနေ ပြန်ရောက်လာတဲ့အခါမျိုးမှာတော့ မိခင်နို့ရည်ကိုပဲ အရင်လို ပြန်တိုက်ပေးရမှာ ဖြစ်ပါတယ်။ နို့ညှစ်တဲ့နေရာမှာ သန့်ရှင်းစင်ကြယ်မှုရှိဖို့က အရေးကြီးပါတယ်။ နို့ညှစ်တော့မယ်ဆိုရင် လက်ကိုသေသေချာချာ ဆေးကြောရပါမယ်။ ညှစ်တဲ့ပစ္စည်းကိုလည်း ညှစ်ပြီးတဲ့အခါတိုင်း ပြန်ဆေးပေးရပါမယ်။ ဒါကတော့ တစ်ရက်စာအတွက်ပါ။
နယ်ခရီး မဖြစ်မနေသွားရမှာဖြစ်ပြီး ကလေးကိုလည်း ခေါ်သွားလို့ မဖြစ်တဲ့ အခြေအနေမျိုးမှာ နို့ကို ကြိုညှစ်ထားလို့ ရပါတယ်။ စနစ်တကျ ၊ ရက်စွဲအတိအကျ မှတ်သားထားပြီး သိမ်းဆည်းထားမယ်ဆိုရင် မိခင်နို့ဟာ တစ်လလောက်အထိ ခံပါတယ်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး