
မွေးခါစအရွယ် ကလေးငယ်လေးတွေဟာ အကြောင်းအမျိုးမျိုးနဲ့ လက်စုပ်တတ်ကြပါတယ်။ သူတို့ဖြစ်ချင်တာတစ်ခုခုကို ဖြစ်စေ၊ သူတို့ တစ်ခုခု ခံစားရတာမျိုး ဖြစ်တဲ့အခါ မေမေတွေကို သင်္ကေတပုံစံမျိုးပြပြီး သတိပေးတတ်ကြတာပါ။
ကလေးငယ်လေးတွေ လက်စုပ်တာဟာ အလေ့အကျင့်ဆိုပေမယ့် အခန့်မသင်ရင် စိုးရိမ်ရတတ်လို့ မေမေတို့အနေနဲ့ မိမိရင်သွေးလေးကို ဂရုတစိုက်စောင့်ကြည့်ဖို့လိုပါတယ်။ အရင်ဆုုံး ကေလေးငယ်လေးတွေအနေနဲ့ ဘာကြောင့် လုပ်စုပ်ရသလဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။ လူစိမ်းကို တွေ့တဲ့အခါ၊ ပတ်ဝန်ကျင်မှာ တစ်ခုခု ဆူညံ့နေတဲ့အခါမျိုးကျရင် ရင်သွေးငယ်လေးဟာ လက်စုပ်ပြီး သူတို့ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို ကျော်လွှွားလေ့ရှိပါတယ်။ ဒါက သူတို့ကိုယ်သူတို့ လုံခြုံတယ်လို့ ခံစားစေရလို့လည်း ဖြစ်ပါတယ်။
နောက်တစ်ချက်က ဗိုက်ဆာနေတဲ့အခါမျိုးမှာလည်း ကလေးငယ်လေးတွေဟာ လက်စုပ်တတ်ကြပါတယ်။ မိခင်နို့စို့နေတဲ့ ရင်သွေးလေးတွေဟာ သူတို့အထင်မှာတော့ လက်ကနေလည်း နို့ထွက်တယ်လို့ ထင်တတ်ကြလို့ပဲ ဖြစ်ပါတယ်။ ပျင်းနေတဲ့ အခါမျိုးကျရင်လည်း ရင်သွေးလေးတွေဟာ လက်စုပ်နေတတ်ကြပါတယ်။ မျက်လုံးလေးတွေ စဉ်းနေပြီး လက်မစုပ်နေမယ်ဆိုရင်တော့ ဒါက ရင်သွေးလေးတွေ အိပ်ချင်နေတဲ့ သဘောပါပဲ။
ဒါဆို ရင်သွေးလေးတွေ လက်စုပ်ရင် မေမေတို့အတွက် ဘာတွေ လုပ်ပေးသင့်သလဲဆိုလည်း သိထားဖို့ လိုပါတယ်။ အကြမ်းဖျင်းအားတော့ ရင်သွေးလေးတွေ လက်စုပ်တာက ဗိုက်ဆာလို့ ဖြစ်ပါတယ်။ ဒါကြောင့် ဒါကြောင့် ကလေးငယ်လေးတွေကို ဆာမှ နို့တိုက်တာမျိုး မဟုတ်ဘဲ မေမေတို့ မအားလပ်တဲ့အခါလည်း နို့ဗူးဆောင်ထားပြီး တိုက်ထားသင့်ပါတယ်။ ရင်သွေးလေးတွေအနေနဲ့ လက်သီးတစ်ခုလုံးကို ပါးစပ်ထဲ ထိုးထည့်နေပြီဆိုရင်တော့ အကောင်းဆုံးနည်းလမ်းက သူ့ကို အရုပ်ကလေးပေးလိုက်ဖို့ပါပဲ။
ရင်သွေးလေးတွေရဲ့ ဒိုက်ဗာစိုနေရင်လဲ သူ့အနေနဲ့ သက်သောင့်သက်သာ ဖြစ်တယ်လို့ မခံစားရဘဲ လက်စုပ်တတ်ပါတယ်။ ဒါကြောင့် မေမေတို့အနေနဲ့ မိမိရင်သွေးလေး သေးစိုနေတာလား အဆက်မပြတ် စောင့်ကြည့်ပြီး ဂရုတစိုက်လဲပေးဖို့ လိုပါတယ်။ ရင်သွေးလေးတွေနဲ့ အချိန်အတူတူ ကုန်ဆုံးပြီး သူနဲ့ စကားပြောပေးတာ၊ သီချင်းဆိုပြတာ၊ သူကြိုက်တဲ့ ကစားစရာတွေ ပေးတာကလည်း ကလေးငယ်တွေကို လက်မစုပ်အောင် ကာကွယ်နည်းတစ်မျိုးပါပဲ။
မိမိရဲ့ ရင်သွေးလေးတွေအနေနဲ့ သွားတွေစုံနေတဲ့အခါ လက်စုပ်ရင်တော့ သွားတွေရဲ့ တည်နေရာကျမှုကို သက်ရောက်နိုင်ပါတယ်။ နောက်ပြီး နောက်ဆက်တွဲ သွားပြဿနာတွေလည်း ပေါ်ပေါက်နိုင်ပါတယ်။
HYA (kyarlay)