ကိုယ်ဝန်ဆောင်မိခင်တေွအနေနဲ့ ကလေးမေွးဖွားတော့မယ့် အချိန်မှာ အန္တရာယ်လက္ခဏာအခြေအနေတေွနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ ကြိုတင်သတိထားရမယ့် လက္ခဏာရပ်တေွနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန််ကြီးဌာနရဲ့ လမ်းညွှန်ထုတ်ပြန်ချက်တေွကို ကျားလေးရဲ့မေမေတေွ ဖတ်ရှုမှတ်သားနိုင်ဖို့အတွက် မှျဝေပေးလိုက်ပါတယ်နော်။
မေမေတို့ရေ တကယ်လို့များ ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ့်ပတ်ဝန်းကျင်က ကိုယ်ဝန်ဆောင်မေမေတေွသော်လည်းကောင်း
- ရေမွှာပေါက်ပြီး ၆ နာရီကြာတဲ့ တိုင်အောင် ဗိုက်မနာရင်
- ဗိုက်နာခြင်း ၁၂ နာရီကျော်တဲ့အထိ မမေွးသေးရင်
- မေွးပြီး သေွးတေွဆင်းရင် (ဒါမှမဟုတ်)
- ၅ မိနစ်အတွင်း အောက်ခံပစ္စည်း၊ အဝတ်တေွမှာ သေွးတေွ ရွှဲနစ်နေရင်
- ကလေးထွက်ပြီး ၁ နာရီကြာတဲ့အထိ အချင်းမကျခဲ့ရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတေွ၊ ကျန်းမာရေးဌာနတေွကို အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်နော်။
မေမေတို့ရေ နောက်ထပ်ဂရုပြုသင့်တာလေးကတော့ ကလေးမေွးဖွားချိန်မှာ ကလေးအရမ်းသေးနေတာ၊ ကလေး အသက်ရှူရခက်နေတာမျိုးတေွှကုံတေွ့ရပြီဆိုရင်လည်း နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနတေွဆီကို အမြန်ဆုံးသွားရောက်ပြသဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနိှုး်ဆော်ထားပါတယ်နော်။ ပျော်ရွှင်ကျန်းမာတဲ့ မိသားစုဘဝလေးတေွကို ပိုင်ဆိုင်နိုင်ကြစေဖို့ ကျားလေးက ဆုမွန်ခြေွအပ်ပါတယ်နော်။
မိခင်နဲ့ရင်သေွးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)