မျက်စိသည် အရေးကြီးသည်။ မျက်စိ ထိခိုက်ပျက်စီးက မျက်မမြင်ဖြစ်ပြီး ဘဝရှုံးနိုင်သည်။ ယခုအခါ ဖုန်းကိုင်သူများ ပေါလာပြီး ကလေးချော့လှျင် ဖုန်းနှင့်ချော့၏။ ကာတွန်းကား ပေးကြည့်၏။ ဂိမ်း (Game) ပေးဆော့၏။ သို့ကြောင့် မျက်စိ အာရုံပျက်စီးပြီး မျက်စိ မှိတ်တုတ်မှိတ်တုတ် ဖြစ်ခြင်း၊ အကြောဆွဲခြင်း၊ မျက်မှန် အစောကြီးတပ်ရခြင်းတို့ ဖြစ်တတ်သောကြောင့် ကလေးငယ်များကို ဖုန်းပေးမကိုင်သင့်၊ ဖုန်းနှင့် မချော့သင့်ပေ။
မျက်စိယားလှျင် ညစ်ပေသောလက်ဖြင့် မပွတ်သင့်။ သန့်ရှင်းသော တစ်ခါသုံး စက္ကူ (Tissue) သို့မဟုတ် သန့်ရှင်းသော အဝတ်စနှင့် သုတ်သင်ရမည်။ ၄င်းအဝတ်ကို နေရာတကာ မချထားသင့်။ ညစ်ပေသော နေရာတင်မိလှျင် နောက်တစ်ကြိမ် မျက်စိသုတ်က မျက်စိထဲ ပိုးဝင်တတ်သည်။ တစ်သှျူးသုံးက ပိုကောင်း၏ တစ်ခါသုံးပြီး တစ်ခါ ပစ်လိုက်ပါ။
မျက်စိရောင်လှျင်၊ မျက်စိနာလှျင် တတ်ကျှမ်းသော မျက်စိဆရာဝန်နှင့်ပြပြီးမှ မျက်စဉ်းခပ်သင့်သည်။ ဆေးမြီးတိုများ မသုံးသင့်ပါ။ မျက်စိမမြင်က ဘဝဆုံးနိုင်သည်။ မျက်စိကျန်းမာရန် စာဖတ်လှျင် အလင်းရောင်ကောင်းကောင်း နှင့် စာဖတ်ပါ။ အနီးဆုံး ၁ပေ အကွာတွင်ထားဖတ်ပါ။ ဖုန်းနှင့်ကစားလှျင် ၁၅ မိနစ်ထက် ပိုမကြည့်သင့်ပါ။ အဝေးကို မျက်စိအနားပေးသည့် အနေဖြင့် ၁၀ မိနစ်တစ်ခါ အဝေးကို ကြည့်ပေးပါ။ စိမ်းလန်းနေသော အရာများကို ကြည့်ပေးပါ။ မျက်စိကျန်းမာရန် အဝါရောင် အသီးအနှံများ စားပေးသင့်သည်။ ဥပမာ သရက်သီးမှည့်၊ သင်္ဘောသီးမှည့်၊ မုန်လာဥနီှ၊ ဗီတာမင်အေ ဆေးလုံးတို့ စားသုံးရမည်။
Ref: မေ့ရင်သေွးမဂ္ဂဇင်း