ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံမိမယ်။ ကူးစက်တတ်တဲ့ရောဂါရတယ်ဆိုရင် ရောဂါအများစုက ကလေးဆီ ကူးစက်တတ်ပါတယ်။ အသေမေွးခြင်း၊ ရောဂါပါတဲ့ ကလေးမေွးခြင်းတေွ ဖြစ်တတ်ပါတယ်။ လမစေ့ဘဲရေမြွာစော ပေါက်ခြင်း၊ လမစေ့ဘဲမေွးခြင်း၊ ကလေးပိုးဝင်ပြီး မေွးရာပါ နမိုးနီယားဖြစ်ခြင်း၊ ဦးနေှာက်အမြေှးပါးရောင်ခြင်းတေွ ဖြစ်တတ်ပါတယ်။ အသက်အန္တရာယ်အထိ ဖြစ်တတ်ပါတယ်။ ကွန်ဒုံးသုံးခြင်းက ရောဂါကူးစက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံခြင်းဖြစ်ဖို့ ကွန်ဒုံး အမြဲသုံးသင့်ပါတယ်။ ကိုယ်ဝန်မှာ သေွးဆင်းဖူး တဲ့ ရာဇဝင်ရှိခဲ့ဖူးရင် အာထရာဆောင်းမှာ အချင်း ပုံမှန်နေရာမှာမရှိဘဲ သားအိမ်အောက်ပိုင်းမှာ ရှိနေရင် အမျိုးသားနဲ့ အတူမနေသင့်ပါဘူး။
Ref: မေ့ရင်သေွးမဂ္ဂဇင်း