Kyarlay.com

about 2 years

ကိုယ်ဝန်ပျက်ကျခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ


Pxq5s95m8zcnhjklwpoh

ကိုယ်ဝန်ပျက်ကျခြင်းကို မိခင်အများစုက အရေးကြီးတဲ့ ကိစ္စတစ်ခုအဖြစ် မမှတ်ယူကြပါဘူး။

တကယ်တော့ ကိုယ်ဝန်ပျက်ကျတဲ့ မိခင်တစ်ယောက်ဟာ ကလေးမွေးထားတဲ့ မိခင်တွေလိုပဲ ဂရုစိုက်ကြရမှာပါ။
အနေအထိုင် အစားအသောက်ကမှအစ မိမိ ကိုယ်တိုင် သာမက၊ ခင်ပွန်းသည်နဲ့တကွ တစ်မိသားစုလုံးကလည်း
သူမကို မီးနေသည်တစ်ယောက်ကဲ့သို့ ဂရုစိုက် ပြုစု စောင့်ရှောက်သင့်ပါတယ်။

ကိုယ်ဝန်ပျက်ကျခြင်းရဲ့ နောက်ဆက်တွဲဆိုးကြိုးတွေ
************************************
သားဖွားထားတဲ့မိခင်တစ်ယောက်ထက် စိတ်ပိုင်းဆိုင်ရာ ပိုပြီး ထိခိုက်ခံစားရပါတယ်
ရုပ်ပိုင်းကလည်း သဘာဝ ဇီဝကာမ ဖြစ်စဉ်တွေ ပုံမှန်ပြန်ရောက်ဖို့ အနည်းဆုံးတစ်လကနေ တစ်လခွဲကြာမြင့်တယ်
မီးတွင်းပိုးဝင်ခြင်း၊
သားအိမ်ပေါက်ခြင်း၊
အဆုတ်၊ ကျောက်ကပ်တို့မှာ ကောင်းစွာ အလုပ်မလုပ်နိုင်တော့ခြင်း
အသက်အန္တရာယ်ထိခိုက်ခြင်းအပြင်၊
မိခင်သေဆုံးခြင်းတွေပါရှိလာနိုင်ပါတယ်။

ကမ္ဘာနဲ့ အ၀ှမ်း မိခင်သေခြင်းရဲ့ ၁၃ ရာခိုင်နှုန်း
မြန်မာအနေနဲ့ (၉-၁၃) ရာခိုင်နှုန်းက ကိုယ်ဝန်ပျက်ကျခြင်းရဲ့ ဆိုးကြိုးများကြောင့် ဖြစ်ရတာပါ။

မှတ်ချက်။ ။ မေ့ရင်သွေး မဂ္ဂဇင်း ၂၀၁၇ ဇူလိုင်လ ထုတ်တွင် သားဖွားမီယပ် အထူးကုဆရာဝန်ကြီး ဒေါက်တာ သဇင်ညွန့် ၏ အင်တာဗျူးမှ ကောက်နုတ်ထားခြင်း ဖြစ်ပါသည်။

San Su Kyi Naing