စျေး မီဒီယာ
မမွေးဖွားမှီ

ကလေးမမွေးဖွားခင် မဖြစ်မနေ ဝယ်ယူထားသင့်တဲ့ အသုံးအဆောင်ပစ္စည်း (၆) မျိုး

Posted by Htoo Yan Aung June 5, 2020
Klsumdahqbyzzg4sru8k

အိမ်တစ်အိမ်ရဲ့ ဆည်းလည်းသံဟာ ရင်သွေးငယ်လေးရဲ့ ငိုသံချိုချိုလေးနဲ့မှ စတင်တယ်လို့ ရှေးကဆိုပါတယ်။ ဘယ်လောက်ပဲ ချစ်ခင်စုံမက်တဲ့ ဇနီးမောင်နှံဖြစ်ပါစေ။ ရင်သွေးငယ်လေး မပါရင် မိသားစု အဓိပ္ပာယ် မပြည့်ဝဘူးဆိုတဲ့ သဘောပါပဲ။

တစ်ပြိုင်နက်တည်းမှာပဲ လူ့လောကကြီးထဲ ရောက်ရှိလာမယ့် ကိုယ့်ရင်သွေးလေးလေအတွက ်စိုးရိမ်တတ်ကြပါတယ်။ မေမေတို့ဟာ မမွေးဖွားခင်ကတည်းက ကိုယ့်ရင်သွေးလေးအတွက် လိုအပ်တာတွေကို ဝယ်ယူစုဆောင်းထားတတ်ကြပါတယ်။ ပြဿနာက မေမေတို့ စိုးရိမ်စိတ်လွန်ပြီး ဝယ်ယူလိုက်တဲ့ ပစ္စည်းတွေဟာ လက်တွေ့မှာ အသုံးမဝင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

တကယ်တော့ ရင်သွေးလေးအတွက် ပစ္စည်အများကြီး ကြိုတင်ဝယ်ယူစုဆောင်းစရာ မလိုပါဘူး။ ဥပမာတချို့ပစ္စည်းတွေဟာ ကိုယ့်အနီးအနားက စတိုးဆိုင်မှာပဲ အလွယ်တကူ ဝယ်လို့ရနိုင်တာမျိုးတွေ ရှိပါတယ်။ ဒါနဲ့ ပတ်သက်ပြီး Babay center က မီလက်ဆာဝဲလ်လက်စ်က ကလေးမမွေးဖွားခင် မဖြစ်မနေ ဝယ်ယူထားသင့်တဲ့ ပစ္စည်း (၆) မျိုးကို အကြံပြုသွားခဲ့ပါတ်ယ။ ဝဲလ်လက်စ်ဆိုတာ ကလေး (၄) ယောက်အမေဖြစ်ပြီး မိခင်ဖြစ်လာတာ (၈) နှစ်ကြာပြီဖြစ်လို့ သူမရဲ့ အကြံပြုချုက်တွေက အသုံးဝင်နေမှာ အမှန်ပါပဲ။

ရင်သွေးငယ်လေး စတင်လွယ်ထားရပြီလို့ သိလိုက်ရချိန်ဟာ မေမေတို့အတွက် ပျော်ရွှင်ဖွယ်ရာ အခိုက်အတန့်မျိုးမလား။ တခြားအရာတွေအားလုံးကို မေ့ပစ်သွားနိုင်တဲ့အထိ အဲဒီအခိုက်အတန့်ဟာ ကြည်နူးစရာ ကောင်းနေတာမျိုးမလား။

Baby carrier

N7yb2vnhxn8r4rt4ikic

ဝဲလ်လက်စ်ကတော့ မိခင်တွေအနေနဲ့ ရင်သွေးငယ်လေးကို ဖြစ်နိုင်သမျှ အနီးစပ်ဆုံးမှာ ထားနိုင်ဖို့အတွက် Babby Carrier ကို ဝယ်ယူဖို့ အကြံပြုထားပါတယ်။ Babby Carrier ဟာ လက်တွေ့မှာလည်း မိခင်တွေအတွက် အမှန်တကယ် လိုအပ်တဲ့ ပစ္စည်းပါပဲ။

မျက်နှာသုတ်ပုဝါ

Uymh6kmrpviba2tbtatb

ခေါင်းစွပ်ပါတဲ့ မျက်နှာသုတ်ပုဝါဟာ ရင်သွေးငယ်လေး မမွေးဖွားခင် ဆောင်ထားသင့်တဲ့ ပစ္စည်းတစ်ခုပဲလို့ ဝဲလက်စ်က ဆိုထားပါတယ်။

စောင်

Oojk8gfecylqkfyixcxx

စောင်တွေအထဲမှာမှ ကလေးငယ်ကို ပတ်ထားလို့ရတဲ့ဆောင်ဟာလည်း မေမေတို့ ဝယ်ယူဆောင်ထားသင့်တဲ့ ပစ္စည်းတစ်ခုပါပဲ။ ဒါက ရင်သွေးငယ်လေးတွေကို နှစ်နှစ်ခြိုက်ခြိုက်အိပ်စေနိုင်ကာ ပိုပြီးသက်သောင့်သက်သာဖြစ်စေတယ်လို့ ဝဲလ်လက်စ်က ဆိုထားတာပါ။

ညဝတ်အင်္ကျီ

Csnt5q9h0xsudeqzumho

ဒီညဝတ်အင်္ကျီလေးတွေဟာ ညဘက်မှာသာမက ကလေးငယ်လေးတွေ ဘယ်နေရာကိုသွားသွား ပေါ့ပေါ့ပါးပါးနဲ့ လွတ်လွတ်လပ်လပ် ဝတ်ဆင်နိုင်တဲ့အတွက် ဆောင်ထားသင့်တဲ့အရာမျိုးပါပဲ။

နို့ရည်စုပ်စက်

S9gnzel4m3edpjuoynua

ကလေးငယ်လေးကို နို့တိုက်ထားတာက မေမေတို့အတွက် အလွန်အရေးကြီးတဲ့အရာပါ။ "အရင်တုန်းကတော့ ကျွန်မအနေနဲ့ နို့တိုက်တာနဲ့ ပတ်သက်ပြီး ပြဿနာ ရှိခဲ့တယ်။ ဒါကြောင့် ပြင်ဆင်ခဲ့တယ်။ နို့ကောင်းကောင်း တိုက်ချင်ရင်တော့ နို့ရည်စုပ်စက် ဒါမှမဟုတ် nursing bra မျိုး ဆောင်ထားသင့်ပါတယ်"လို့ ဝဲလ်လက်စ်က အကြံပြုခဲ့ပါတယ်။

ဒိုက်ဗာ

Svawzdmnci6jzrvmmljq

ဒိုက်ဗာနဲ့ Wipe တို့ကတော့ ရင်သွေးငယ်လေးတွေအတွက် လုံးဝ မရှိမဖြစ် ဆောင်အထားသင့်ဆုံးပစ္စည်းတွေပါပဲ။

ဒါ့အပြင် ကလေးငယ်လေးတွေကိုရေချိုုးပေးတဲ့အခါမှာ ကလေးရေချိုးကန်ကို အသုံးပြုတာက သူမအတွက်တော့ အလွန်ခက် ကသိကအောက်နိုင်လွန်းတယ်လို့ ဝဲလ်လက်စ်ဆိုပါတယ်။ မီးခိုချောင်ထဲက ဘေစင်ကိုအသုံးပြုတာက အလုပ်ဖြစ်ပြီး ကလေးငယ်လေးကို ပိုပြီးထိန်းချုပ်နိုင်တယ်လို့ ခံစားရကြောင်းလည်း ဝဲလ်လက်စ်က ဆိုခဲ့ပါတယ်။

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.