ကိုယ်ဝန်ဆောင်စဉ်မှာ မိခင်များ လေစာစားရင် မေွးလာရင် ကလေး လေပါတတ်တယ် ဆိုတဲ့ အယူအဆဟာ နှစ်ပေါင်းများစွာကတည်းက ယနေ့အထိ အရိုးစွဲလက်ခံထားခဲ့ကြပါတယ်။ လွဲမှားတဲ့အယူအဆပါ။ ကော်ဖီ၊ လက်ဖက်ရည်မှာ အာဟာရတန်ဖိုးသိပ်မရှိဘဲ ပါဝင်တဲ့ Caffeine ဓာတ်ဟာ ရင်တုန်စေတတ်ပြီး လူကိုနိုးကြားနေစေတတ်ပါတယ်။ အိပ်မပျော်ဘဲ မျက်စေ့ကြောင်စေတတ်ပါတယ်။ အစာအိမ်က အစာချေရည်တေွ လိုတာထက်ပို ထွက်စေ တတ်ပါ တယ်။ ဒါကြောင့် သောက်တဲ့ အမေမှာ အစာအိမ်အောင့်ခြင်း၊ လေပွလထိုးခြင်း၊ ရင်ပြည့်ခြင်းတေွ ဖြစ်တတ်ပါတယ်။ မေွးလာတဲ့ကလေးအပေါ်မှာတော့ မဖြစ်စေတတ်ပါ။ အာဟာရတန်ဖိုးထက် ဆိုးကျိုးပိုများတဲ့အတွက် ကိုယ်ဝန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မည်သူမှ အလွန်အကျွံမသောက်သင့်ပါ။ ဘယ်အရာမဆို “တန်ဆေး လွန်ဘေး” ပါ။